Homeသတင်းပုလောမြို့အနီး ရွာနှစ်ရွာတွင် တိုက်ပွဲဖြစ်ပွား

ပုလောမြို့အနီး ရွာနှစ်ရွာတွင် တိုက်ပွဲဖြစ်ပွား

-

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့အနီး ပုလောကုန်းရွာနှင့် နန်းပရုပ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်က နန်းပရုပ်ရွာအနီးတွင် စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အပြန်အလှန် ပစ်ခတ်နေတဲ့ အသံတွေကြားရတယ်၊ ဘာတွေ ဆက်ဖြစ်လဲတော့ မသိပါဘူး၊ ဘယ်သူတွေထိလဲ၊ ဘာတွေဆက်ဖြစ်လဲတော့ မကြားရတော့ဘူး” ဟု ပုလောဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပုလောကုန်းရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို လည်းဝင်ရောက်ပစ်ခတ်ခဲ့သေးသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေချိန် ပုလောမြို့ရှိ ၂၈၅ တပ်ရင်းဘက်မှ ပုလောကုန်းကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

အဆိုပါ အပြန်အလှန်ပစ်ခတ်မှုများအပြီး စစ်ကောင်စီသတင်းပေးတစ်ဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသော်လည်း ဒေသခံတို့က အတည်မပြုနိုင်သေးကြောင်း ပြောသည်။

ပုလောဒေသကို စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကာ ဒေသခံပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts