Homeသတင်းရေးမြို့နယ်အခြေစိုက် ခမရ ၅၈၃ တပ်ရင်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၃ တပ်ရင်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

-

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခမရ ၅၈၃ တပ်ရင်းကို ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ခမရ ၅၈၃ တပ်ရင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို အတည်မပြုနိုင်သေးဘူးလို့လည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင်း ကျောင်းရွာအခြေစိုက် ခမရ တပ်ရင်း ၅၈၃ ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်းလည်း ရေးဘီလူးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကျောင်းရွာတွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ရင်း ၅၉၁ ကို ရေးဘီလူးအဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ရေးမြိုနယ်အတွင်းရှိ စစ်ကောင်စီ တပ်ရင်းတွေကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့က မကြာခန ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့်အပြင် ဒရုန်းဖြင့်လည်း ဆက်တိုက် တိုက်ခိုက်လာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts