Monday, April 13, 2026
More
    spot_img
    Homeသတင်းကမ်းနီဒေသက စစ်ရှောင်များ နေရပ်ပြန်လာကြသော်လည်း တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်နေကြ

    ကမ်းနီဒေသက စစ်ရှောင်များ နေရပ်ပြန်လာကြသော်လည်း တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်နေကြ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာနှင့် အနီးတစ်ဝိုက်က ထွက်တိမ်းရှောင်နေကြရသူများ နေရပ်သို့ ပြန်လာကြသော်လည်း တိုက်ပွဲများထပ်ဖြစ်မည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲကြောင့် ကမ်းနီကျေးရွာနှင့် အနီးနားရှိ သရက်တော၊ တံတာဦး၊ ကော့ကျိုက်၊ မိဂလုံ၊ ကော့ကာ ညောင်ရိပ်သာ၊ ကော့ခိုက် အစရှိသည့် ကျေးရွာတို့မှ ဒေသခံ သောင်းနှင့်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

    တိုက်ပွဲအခြေအနေ တည်ငြိမ်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများသည် ဇန်နဝါရီ ၂၉ ရက်နေ့ကစပြီး နေရပ်သို့ တဖြည်းဖြည်းပြန်လာနေကြသည်။

    “မပြန်ရဲတဲ့သူတွေလည်း ရှိနေသေးတယ်။ သုံးပုံ နှစ်ပုံလောက်ကတော့ ပြန်လာကြတယ်။ ပြန်လာတဲ့သူတွေကလည်း တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေကြတယ်။ အိမ်တွေကို မီးလာရှို့မှာ လည်း စိုးရိမ်နေကြတယ်” ဟု ကမ်းနီဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ကမ်းနီကျေးရွာနှင့် အနီးဒေသတွေမှာ စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားသွားလာခြင်းမရှိသော်လည်း အေးချမ်းနေသည့်အခြေအနေမရှိဘူးလို့လည်း ဒေသခံတို့က ပြောသည်။

    “အရမ်းကြီးအေးချမ်းနေတာတော့ မဟုတ်ပါဘူး။ နည်းနည်းတည်ငြိမ်သွားတဲ့သဘောပါပဲ” ဟု ကမ်းနီဒေသက ဆရာတော်တစ်ပါးက မိန့်ကြားသည်။

    ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ကျေးရွာအတွင်း တပ်စွဲထားသည့် ကရင်ပူးပေါင်းအဖွဲ့နှင့် ကျေးရွာအနီးသို့ ချဥ်းကပ်လာသည့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြသည်။

    စစ်ကောင်စီတပ်နှင့် ဗိုလ်စောအယ်စေးဝါး ဦးစီးသည့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့ မီးရှို့ခဲ့မှုကြောင့် ကော့ကရိတ်မြို့နယ် ကမ်းနီနှင့် အနီးတဝိုက်က နေအိမ် အလုံး ၄၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင်က ထုတ်ပြန်ထားသည်။

    ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ကျေးရွာအတွင်း တပ်စွဲထားသည့် ကရင်ပူးပေါင်းအဖွဲ့နှင့် ကျေးရွာအနီးသို့ ချဥ်းကပ်လာသည့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ကရင်ပူးပေါင်းတပ်ဖွဲ့တို့က အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးနေအိမ်နှင့် ပြည်သူ့စစ်နေအိမ်တို့ကို မီးရှို့ခဲ့ရာမှ အခြားနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းသွားခဲ့သည်။

    ကရင်ပူးပေါင်းတပ်ဖွဲ့တို့ မီးရှို့ခဲ့မှုကြောင့် ကမ်းနီကျေးရွာတွင် နေအိမ် ၂၁ လုံး လောင်ကျွမ်းပျက်ဆီးသွားခဲ့ပြီး  နှစ်ဖက်တိုက်ပွဲကြောင့် ညောင်ရိပ်သာကျေးရွာရှိ နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးသွားခဲ့သည်။

    ၎င်းပြင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကမ်းနီရွာတွင် နေအိမ် ၃ လုံး၊ ညောင်ရိပ်သာရွာတွင် နေအိမ် ၁ လုံး၊ သရက်တောရွာတွင် နေအိမ် ၇ လုံးလည်း ပျက်ဆီးသွားခဲ့သည်။ 

    တိုက်ပွဲကြောင့် ကမ်းနီရွားသားတစ်ဦးနှင့် သရက်တော ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks