Homeသတင်းရေး အမြှောက်တပ် တပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရ၊ သေနတ် ၃ လက်သိမ်းဆည်းရမိ

ရေး အမြှောက်တပ် တပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရ၊ သေနတ် ၃ လက်သိမ်းဆည်းရမိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ မော့ကနင်ရွာသစ်တွင် ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက အမြောက်တပ်ရင်း (၃၁၇) မှ တပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရပြီး သေနတ် ၃ လက် သိမ်းဆည်းရမိသည်ဟု  ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ထုတ်ပြန်ထားချက်အရ သိရသည်။

ယ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီ အမှတ် (၃၁၇) အမြောက်တပ်ရင်းမှ တပ်သား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် စီးနင်းမောင်းနှင်လာနေစဥ် ရေးပြောက်ကျားတပ်ဖွဲ့(YGF) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် တပ်သား ၅ ဦး သေဆုံးပြီး ၁ ဦး လွတ်မြောက်သွားကာ သေနတ် ၃ လက်လည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အမြောက်တပ်ရင်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းကြောင့် မော့ကနင်က အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

“အမြှောက်တပ်က တပ်သားတွေ ပစ်ခတ်ခံရပြီးတော့ အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်၊ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး ထိသွားတယ်၊ လက်ရှိကတော့ လမ်းတလျှောက်များ တားဆီးပိတ်ဆို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့လည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း YGF က ထုတ်ပြန်ထားသည်။

၎င်းပြင် ဇန်နဝါရီ ၆ ရက်နေ့ကလည်း လမိုင်းမြို့က ရဲသတင်းတပ်ဖွဲ့ရုံးမှ ရဲအုပ်ညီညီဝင်းကို ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ရေးမြု့နယ်အတွင် လှုပ်ရှားနေသည့် ရေးပျောက်ကျားအဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတွေကို မကြာခနပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကိုလည်း တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts