Homeသတင်းကျိုက်ထို မရမ်းချောင်ဂိတ်တွင် ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးရမိ

ကျိုက်ထို မရမ်းချောင်ဂိတ်တွင် ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်းစစ်ဆေးရေးဂိတ်တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ (၆) ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ကျိုက်ထိုမြို့နယ် မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက (၉) နာရီခွဲ အချိန်ခန့်က ရန်ကုန်ဘက်မှ မြဝတီဘက်သို့ မောင်းနှင်လာသည့် ၂၂ ဘီးယာဉ်ကို သက်ဆိုင်ရာက စစ်ဆေးရှာဖွေရာမှ ယာဉ်၏ နောက်တွဲခြံအတွင်း မိုးကာဖြင့် ဖုံးအုပ်ကွယ်ဝှက်ထားသည့် ရိုဟင်ဂျာများ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၆ ဦးတွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဖြစ်ပြီး လူငယ်များဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့တွေကို မြဝတီကို ပို့ဆောင်ဖို့ ခေါ်လာတာလို့ သိရတယ်။ အသက်တွေက ငယ်ငယ်လေးတွေပါ သက်ဆိုင်ရာအဖွဲ့တွေကတော့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတုန်းပဲ” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ၂၂ ဘီးယာဉ်မောင်းဖြစ်သူနှင့် ရိုဟင်ဂျာ ၆ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း မုဒုံမြို့နယ်နှင့် မော်လမြိုင်တို့တွင် ရေကြောင်းလမ်းကနေ ရောက်ရှိလာသည့် ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts