Homeသတင်းမော်လမြိုင်လေယာဥ်ကွင်းပတ်လည်လမ်းတွေကို စစ်ကောင်စီ ပိတ်ဆို့ထား

မော်လမြိုင်လေယာဥ်ကွင်းပတ်လည်လမ်းတွေကို စစ်ကောင်စီ ပိတ်ဆို့ထား

-

မော်လမြိုင်လေယာဉ်ကွင်းပတ်လည်းတလျှောက်ရှိလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားကြောင်း မြို့ခံတို့ထံမှ သိရသည်။

မော်လမြိုင်လေယာဥ်ကွင်းပတ်လည်းတလျှောက်ရှိလမ်းများနှင့် တောင်ဝိုင်းတောင်ပေါ် တက်သည့်လမ်းကို ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းကစပြီး စစ်ကောင်စီက ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက မော်လမြိုင်လေဆိပ်ကိုအသုံးပြုပြီး တိုက်ပွဲပြင်းထန်နေသည့် ကရင်ပြည်နယ်ဘက်သို့ စစ်ကူနှင့် ရိက္ခာမျာ ပို့ဆောင်နေသည့်အတွက် လေယာဉ်ကွင်းဘေးပတ်လည်က လမ်းတွေကို ယခုလို ပိတ်လိုက်ခြင်းဖြစ်သည်ဟု မြို့ခံအချို့တို့က ပြောဆိုနေသည်။

“မော်လမြိုင်လေယာဉ်ကွင်းကနေ ကရင်ပြည်နယ်ဘက်ကရှေ့တန်းနေရာတွေကို စစ်ကူနဲ့ရိက္ခာတွေ လေကြောင်းကပို့နေတယ်လို့တော့ ယူဆပါတယ်။ ရဟတ်ယာဉ်တွေ တက်လိုက်ဆင်းလိုက်လုပ်နေတာမျိုး သတိထားမိတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

လေယာဥ်ကွင်းပတ်လမ်းများ ပိတ်ထားသည့်အတွက် အဆိုပါလမ်းများကို အသုံးပြုသွားလာနေရသူများ အခက်အခဲကြုံတွေ့နေရသည်ဟုလည်း မြို့ခံတို့က ပြောသည်။

လေယာဥ်ကွင်းပတ်လည်းတလျှောက်ရှိလမ်းများ ပိတ်ထားသော်လည်း မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် လေကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြေးဆွဲနေသည်ဟု ခရီးသွားတို့ထံမှ သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့သည့်   ဇန်နဝါရီလ ၃ ရက်မှာတော့ ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ (၂၈၃)၊ (၂၈၄)၊ (၃၂) တပ်ရင်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts