Homeသတင်းမွန်ပြည်နယ်အကျဥ်က အကျဥ်းသား ၄၀၀ ကျော် ပြန်လွတ်

မွန်ပြည်နယ်အကျဥ်က အကျဥ်းသား ၄၀၀ ကျော် ပြန်လွတ်

-

မွန်ပြည်နယ်အတွင်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား ၄၁၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီက တနိုင်ငံလုံးရှိ အကျဥ်းသား၊ ကျဥ်းသူပေါင်း ၇၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဥ်းသား အကျဥ်းသူများထဲတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၇၄ ဦးနှင့် အကျဉ်းသူ ၂၂ ဦး အပါအဝင် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ ၈၅ ဦး ပါဝင်သည်ဟု အကျဥ်းထောင်ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဥ်းသား အကျဥ်းသူများတွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူများ ပါ မပါကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးရှိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇၀၁၂ ဦးအား ပြစ်ဒဏ်များ လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၎င်းပြင် လွတ်မြောက်လာသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts