Homeသတင်းရေး ချောင်းတောင်တံတားဂိတ်တွင် ဒေသခံ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရ

ရေး ချောင်းတောင်တံတားဂိတ်တွင် ဒေသခံ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ် ချောင်းတောင်တံတားပေါ်တွင် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ရှိ ရဲတပ်ဖွဲ့ထံမှ သေနတ်ကျည်ထွက်ပြီး ဆိုင်ကယ်တွန်းလာနေသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးအား ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

“ရဲက နဲနဲတော့မူးနေတယ် သူက ကျည်ရှင်းတော့ ကျည်က ထွက်သွားတယ်၊ အဲဒီအချိန်မှာ အမတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နောက်ကြောတွင် ကျည်ထိမှန်သွားသည့် အမျိုးသမီးနှင့် လက်မောင်းတွင် ကျည်ထိမှန်သွားသည့် ကလေးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေး ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က  စိတ်ဝေဒနာရှင်လူငယ်တစ်ဦးအပါအဝင် ဒေသခံ ၂ ဦးထက်မနည်းကို ပစ်သတ်ခဲ့သည်။

ရေး ချောင်းတောင်တံတားဂိတ်ကို ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့က မကြာခနဝင်ရောက် တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts