Homeသတင်းကွမ်းသီးအထွက်နည်းလို့ ဈေးတက်

ကွမ်းသီးအထွက်နည်းလို့ ဈေးတက်

-

မွန်ပြည်နယ်တွင် ကွမ်းသီးအထွက်နည်းသောကြောင့် ကွမ်းသီးဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့ကြောင်း ကွမ်းသီးစိုက်တောင်သူတို့ထံမှ သိရသည်။

အရည်သောက်ကွမ်းသီးနုများ အဝယ်လိုက်ခဲ့သောကြောင့် ကွမ်းသီးထွက်ချိန်တွင် ကွမ်းသီးအထွက်နှုန်း လျော့ကျခဲ့သည်ဟု သံဖြူဇရပ်မှ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ပြောသည်။

“တရုတ်က အရည်သောက်ကွမ်းနုကို အဝယ်လိုက်ခဲ့တာ တောင်သူတွေဆီကို တိုက်ရိုက် ဆင်းဝယ်တာ။ အခု ရာသီတော့ အထွက်နှုန်း နည်းသွားတာပေါ့” ဟု ၎င်းက ပြောသည်။

ဈေးကွက်အတွင်း ကွမ်းသီးဝင်ရောက်မှု သိသိသာသာ လျော့ကျလာသောကြောင့် ကွမ်းသီးဈေးနှုန်း မြင့်တက်လာသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

စျေးကွက်အတွင်း၌ ကွမ်းသီးတစ်ပိဿာ ၃၈၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ယခုအခါ ကွမ်းသီးတစ်ပိဿာ ၄၆၀၀ ကျပ်အထိ စျေးတက်လာခဲ့သည်။

သံဖြူဇရပ်မြို့နယ်မှ ကွမ်းသီးအဝယ်ဒိုင် အမျိုးသမီးတစ်ဦးက “အရင်နှစ်တွေကတော့ ဒီအချိန်ဆို ကွမ်းသီးပေါတယ်လေ။ ပေါတော့ ဈေးက သိသိသာသာ တက်လာတာမရှိဘူး။ ဒီနှစ်ကျတော့ ဝင်တာနည်းတော့ ဈေးက လိုက်တက်တာပေါ့”ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း ကွမ်းသီးကို ရေးနှင့် သံဖြူဇရပ်မြိုနယ်တို့တွင် အဓိက စိုက်ပျိုးကြပြီး သထုံ၊ ကျိုက်မရောနှင့် ကျိုက်ထိုမြို့နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

မွန်ပြည်နယ်မှ ထွက်ရှိသော ကွမ်းသီးများကို မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးသို့ တင်ပို့ရောင်းချနေသည့်အပြင် ပြည်ပ တရုတ်နှင့် အိန္ဒိယနိုင်ငံသို့လည်း အဓိက တင်ပို့နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts