Homeသတင်းမော်လမြိုင်တွင် ယာဉ်မတော်တဆမှုဖြစ် နှစ်ဦး သေဆုံး

မော်လမြိုင်တွင် ယာဉ်မတော်တဆမှုဖြစ် နှစ်ဦး သေဆုံး

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ‌ဈေးကြိုရပ်ကွက် ကျိုက္ခမီလမ်းတွင် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဒီဇင်လာလ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် Toyota Mark 2 ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရပ်ထားသည့် ကုန်တင်ကားနောက်ပိုင်းအား ဝင်ရောက်တိုက်မိခြင်းဖြစ်သည်ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတို့၏ ပြောပြချက်အရ သိရသည်။ 

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဥ်အမျိုးသားနှင့် အတူစီးနင်းလိုက်ပါလာသည့် အမျိုးသမီးတို့ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

“၁၂ ဘီးကားနောက်ကို ဝင်တိုက်မှုဖြစ်တာ ယာဉ်မောင်းအမျိုးသားက ညှပ်နေတယ်ဆိုပြီး သတင်းဝင်လာတော့ သွားခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရောက်တော့ ယာဉ်မောင်းက ကားထဲကနေထွက်ကျနေပြီးတော့ သတိမရတော့ဘူး။ အဲ့ဒါနဲ့ CPR ပေးပြီးတော့ အသက်ရှင်အောင်လုပ်ကြည့်တယ်။ ဒါပေမယ့် လုံးဝင်မရတော့ဘူး။ သေဆုံးသွားခဲ့ပါတယ်” ဟု ဘိုဘိုဝင်း‌ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဌ ကိုဘိုဘိုဝင်း ကပြောသည်။

သေဆုံးသွားသည့် ယာဥ်မောင်းသည် ရန်ကုန်တိုင်းဒေသကြီး ခရမ်းသုံးခွဘက်ကဖြစ်ပြီး အမျိုးအမီးမှာ မုဒုံမြို့ စက်သစ်ရပ်ကွက်မှ ဖြစ်သည်ဟုလည်း သိရသည်။ 

နှစ်ဦးစလုံးသည် ကားအတွင်း ညှပ်နေသည့်အတွက် ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။ 

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးတို့၏ ရုပ်အလောင်းကို ဘိုဘိုဝင် လူမှုကူညီကယ်ဆယ်ရေးအသင်း အကူအညီဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts