Friday, April 17, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးသို့ နှစ်လအတွင်း ဘုရားဖူးဧည့်သည် လေးသောင်းကျော် ဝင်ရောက်

    ကျိုက်ထီးရိုးသို့ နှစ်လအတွင်း ဘုရားဖူးဧည့်သည် လေးသောင်းကျော် ဝင်ရောက်

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ အောက်တိုဘာလနှင့် နိုဝင်ဘာလ နှစ်လအတွင်း ဘုရားဖူးဧည့်သည် ၄၄၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

    အောက်တိုဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၃၃၀၅၇ ဦးနှင့် ပြည်ပဘုရားဖူး ၁၈၅ ဦးလာရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့ရှိစာရင်းအရ သိရသည်။

    နိုဝင်ဘာလအတွင်းမှာတော့ ပြည်တွင်းဘုရားဖူး ၁၁၃၆၂ ဦးနှင့် ပြည်ပဘုရားဖူးဧည့်သည် ၁၉၃ ဦး ဝ်ရောက်ခဲ့သည်။

    “အရင်နှစ်တွေနဲ့စာရင်တော့ အခု ဒီဇင်ဘာက ခရီးသွားဝင်တာ နည်းနေသေးတာပေါ့။ မလာဘူးဆိုတော့လည်း မဟုတ်ဘူး။ နေ့စဉ်တော့ ဝင်နေပါတယ်”ဟု ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ရုံးပိတ်ရက် စနေနှင့် တနင်္ဂနွေနေ့တို့တွင် ခရီးသွားဝင်ရောက်မှု ပိုများကြောင်း ၎င်းက ဆက်ပြောသည်။

    ကျိုက်ထီးရိုတောင်တော် ဖွင့်ပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိပြီး ပွဲတော်ကာလများတွင် နှစ်စဉ် ဘုရားဖူး (၃) သန်းခန့်လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။

    သို့သော်လည်း တောင်တက်ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့်နှင့် လမ်းခရီးတွင် အစစ်အဆေးများသောကြောင့်လည်း ခရီးသွား ဝင်ရောက်မှု ကျဆင်းနေခြင်းဖြစ်ကြောင်း ကင်မွန်းစခန်းမှ လက်မှတ်ရောင်းသူတစ်ဦးက ပြောသည်။

    “ပစ်ခတ်မှုပြီးတော့ လူတွေက လာဖို့တော့ လန့်သွားကြတာပေါ့။ နောက်ပြီး အခုဆို ကြားနေရတာပဲလေ ညောင်ခါး‌ရှည်မှာ ကားလမ်းတွေပိတ်တဲ့အထိ ဖြစ်နေတာ အဲဒါတွေကြောင့်လည်း မလာကြတာလို့ထင်တယ်” ဟု ၎င်းက ပြောသည်။

    လွန်ခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က ကင်မွန်းစခန်းရှိ တောင်တက်မော်တော်ယာဥ်ဂိတ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရားဖူးအမျိုးသမီး ၃ ဦးသေဆုံးကာ ဘုရားဖူး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည့်ဖြစ်စဥ်များရှိခဲ့သည်။

    မွန်ပြည်နယ်မြောက် သထုံ ဘီးလင်း ကျိုက်ထိုမြို့နယ်ဒေသများတွင် ကေအန်ယူတပ်မဟာ  (၁) ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲများ အမြဲတမ်းဆိုသကဲ့သို့ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအတွက် လုံခြုံရေး မရှိချေ။ ထွက်ပြေးတိမ်းရှောင် အိုးအိမ်မဲ့ရသည့် ပြည်သူများလည်း ရှိသည်။

    မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ်ရှိ ကျိုက်ထီးရိုးဘုရားဖူး ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် စစ်ကောင်စီ၏ သာသနာဝန်ကြီးဌာနအတွက် အဓိက အရေးပါသည့် ဝင်ငွေဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks