Homeသတင်းရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ကုန်တင်ရထား မိုင်းဆွဲခံရ

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ကုန်တင်ရထား မိုင်းဆွဲခံရ

-

မွန်ပြည်နယ်၊ သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် အမှတ် ၂၇၂ အစုန် ကုန်တင်ရထားတစ်စင်း မိုင်းဆွဲခံရကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က သထုံမြို့မှ မန္တလေးသိူ့ ထွက်ခွာမည့် အမှတ် ၂၇၂ အစုန်ရထားသည် သထုံမြို့၊ ကလိကျွန်းကျေးရွာနှင့် တံတားဦးကျေးရွာကြား၌ မိုင်းဆွဲခံခဲ့ရခြင်း ဖြစ်ကြောင်း သထုံဒေသခံ တစ်ဦးက ပြောသည်။

“ကုန်ရထားဆိုတော့ လူထိခိုက်တာတော့ မရှိဘူးလို့ သိရတယ်။ ရထားလမ်း ပျက်စီးသွားလို့ ညရထားခရီးစဉ်ကတော့ နားထားရတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ဖောက်ခွဲခံရတာကြောင့် ရထားတွဲတွေ လမ်းချော်တိမ်းမှောက်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိပဲ ရထားပေါ်မှာတင်ဆောင်လာတဲ့ ကုန်ပစ္စည်းအချို့ ပျက်စီးဆုံးရှုူံးခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြန်လည်ပြေးဆွဲခဲ့သည့် မော်လမြိုင်-ရန်ကုန် ညရထား ခရီးစဥ် ရပ်နားလိုက်ကြောင်း သိရသည်။ 

ခရီးစဉ် ရပ်နားလိုက်သောကြောင့် ညရထားတွင် လိုက်ပါမည့် ခရီးသည်များကို ရထားလက်မှတ်ခ ပြန်ပေးအပ်ခဲ့ကြောင်း ညရထားဖြင့် ခရီးသွားရန် စီစဉ်ခဲ့သူတစ်ဦးက ပြောသည်။

“ဘာကြောင့်လို့တော့ မပြောဘူး။ ခရီးစဉ် ပျက်သွားရလို့ ပိုက်ဆံ ပြန်ပေးမယ်ဆိုပြီး ခရီးသည်တွေကို အကုန်ပြန်အမ်းပေးတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်၊ ည ၈ နာရီ အချိန်ခန့်ကလည်း မော်လမြိုင်-ရန်ကုန် အမှတ် ၈၂ အစုန် အမြန်ရထားသည် ဘီးလင်းမြိုနယ်၊ ဒုံဝန်းဘူတာမှ စထွက်သည့်အချိန်၌ မိုင်းခွဲ ခံခဲ့ရသေးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts