Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးပြီး ဒေသခံ (၄၀၀၀) ကျော် တိမ်းရှောင်နေရ

    အမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးပြီး ဒေသခံ (၄၀၀၀) ကျော် တိမ်းရှောင်နေရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် (အမြှောက်တပ် (၃၁၀) မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးကာ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU က ဒီဇင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    အမြှောက်တပ် (၃၁၀) မှ ဒီဇင်ဘာ (၂) ရက်နေ့ ညက ကျောက်ဖျာနှင့် ဇီးပြောင်းကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

    အမြှောက်တပ် (၃၁၀) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကျောက်ဖျာရွာထဲတွင် (၇ )လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဇီးပြောင်းကျေးရွာတွင် ၉) လုံးခန့် ကျရောက်ကာ (၇) လုံး ပေါက်ကွဲသည်ဟုလည်း ထုတ်ပြန်ပြောဆိုထားသည်။

    ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၄ လုံး  ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ပါရှိသည်။

    စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်ဖျာကျေးနယ်နှင့် ဇီးပြောင်းကျေးနယ်မှဒေသခံ (၄၀၀၀) ကျော်တို့ကလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း KNU ထုတ်ပြန်ချက်တွင် ပါရှိသည်။

    စစ်ကောင်စီတပ်တို့မှ ယခုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီးဆိုလျှင် စစ်ကြောင်းထိုးတော့မည့်သဘောရှိသည်ဟု KNU ကျိုက်ထိုမြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာနခွဲ တာဝန်ခံက ပြောဆိုထားသည်။

    ဒီဇင်ဘာ (၃) ရက်နေ့ မနက်တွင်လည်း ပျဥ်းကတိုးကုန်းကျေးနယ် အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ အင်အား (၂၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေကြောင်း မြေပြင် သတင်းအရ သိရသည်။

    စစ်ကောင်စီ သိမ်ဇရက်အခြေစိုက်( အမြှောက်တပ် -၃၁၀) နှင် (ခမရ -၂၀၇) တို့မှ လက်နက်ကြီးဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့် နေကြသည်ဟု လည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks