spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမုဒုံ မြို့မ ၂ အုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်၊ အမျိုးသား ၃ ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

    မုဒုံ မြို့မ ၂ အုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်၊ အမျိုးသား ၃ ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့မ ၂ အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲပြီး ရုံးအတွင်းရှိ စာရေးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုမ ၂ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

    ”ဗုံးပေါက်တဲ့အချိန်မှာ ရုံးက စာရေးနဲ့ ရာအိမ်မှူးပဲ ရုံးမှာ ရှိနေတာ အရပ်သားနှစ်ယောက်က မီးမလာလို့ ရုံးမှာ ဖုန်းအားလာသွင်းတာ ဗုံးပေါက်တော့ သူတို့ပါ ထိတာပေါ့”” ဟု ၎င်းက ပြောသည်။

    ထိခိုက်ဒဏ်ရာရရှိသူ လေးဦးအနက် စာရေး၊ ရာအိမ်မှူးနှင့် အရပ်သားတစ်ဦးသည် ဒဏ်ရာပြင်းထန်သောကြောင့် မော်လမြိုင် ပြည်သူ့​ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ကျန်သည့် အရပ်သားတစ်ဦးကိုတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိသောကြောင့် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေသည်။

    ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး မြင်တွေ့သူများနှင့် အနီးဝန်းကျင် နေထိုင်သူများကို မေးမြန်းမှုများ လုပ်ဆောင်နေ ကြောင်းလည်း ရပ်ကွက်နေသူတို့က ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မုဒုံ မြိုမ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks