Homeသတင်းကရင်အမျိုးသားအစည်းအရုံးနယ်မြေတွင် တစ်လအတွင်း တိုက်ပွဲပေါင်း ၂၉၀ ဖြစ်ပွားခဲ့ဟုဆို

ကရင်အမျိုးသားအစည်းအရုံးနယ်မြေတွင် တစ်လအတွင်း တိုက်ပွဲပေါင်း ၂၉၀ ဖြစ်ပွားခဲ့ဟုဆို

-

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း ၂၉၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

KNU အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်တို့က စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်ပြုလုပ်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီး တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟုလည်း ထုတ်ပြန်းထားသည်။

နိုဝင်ဘာလအတွင်း၌ သထုံခရိုင် တပ်မဟာ (၁) နယ်မြေတွင် တိုက်ပွဲ (၃၃) ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေတွင် (၁၇) ကြိမ်၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွင် (၃၀) ကြိမ်၊ ဘိတ်-ထာဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေတွင် (၄၁) ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေတွင် (၁၁၆) ကြိမ်၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း (၅၃) ကြိမ် ဖြစ်ပွားခဲ့သည်ဟုလည်း KNU က ထုတ်ပြန် ပြောဆိုထားသည်။

KNU နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၂၉၀ ကြိမ်တွင် စစ်ကောင်စီဘက်က ၃၃၃ ဦးသေဆုံးပြီး၊ ၂၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်က (၃၀) ဦးသေဆုံးကာ၊ (၆၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ပါရှိသည်။

တိုက်ပွဲများအတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ စစ်ကား ၁၀ စီးထက်မနည်းကို ဖျက်ဆီးနိုင်ခဲ့ပြီး နယ်ခြားစောင့်တပ် တပ်သားအချို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သည်ဟုလည်း KNU ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲဖြစ်ပွားရာနယ်မြေတို့တွင် စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့က ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာ၊ လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိသည့်အပြင် အပြစ်မဲ့ပြည်သူ ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

၎င်းပြင် စစ်ကောင်စီတပ်တို့မှ ပြည်သူလူထုအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် လူနေအိမ်မီးရှို့တာ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး အတင်းအဓမ္ခခိုင်းစေခဲ့တာတွေလည်းရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts