Homeသတင်းမွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲဆိုင်ရာအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

မွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲဆိုင်ရာအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

-

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲဆိုင်အမှုများကို လာမည့် ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ဒေါက်တာအေးဇံကို ရွေးကောက်ပွဲအတွင်း မလျော်ဩဇာသုံးသည်ဟူသော စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) အပြင် အမှု ၂ မှုဖြင့် တရားစွဲဆိုခဲ့သည်။

ဒေါက်တာအေးဇံ စွဲဆိုခံထားရသည့် ရွေးကောက်ပွဲဆိုင်ရာအမှုများကို လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လာမည့်ရုံးချိန်းတွင် ဒေါက်တာအေးဇံကို မော်လမြိုင်တရားရုံးတွင် စစ်ဆေးမည်ဖြစ်ကြောင်းလည်း အဆိုပါ တရားရုံးနှင့် နီးစပ်သူက ဆက်ပြောသည်။

ဒေါက်တာအေးဇံကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်တွင်လည်း ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါက်တာအေးဇံဘက်မှ တင်သွင်းလာသည့်တရားခံ သက်သေ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဇော်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အမှု (၁၁) မှုအတွက် ထောင်ဒဏ် (၂၅) နှစ် အမိန့်ချမှတ်ခံထားရပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts