Homeသတင်းရေးမြို့ စခန်းမှူးနှင့် တပ်သား ၂ ဦး ရေးဘီလူးအဖွဲ့ ပစ်သတ်

ရေးမြို့ စခန်းမှူးနှင့် တပ်သား ၂ ဦး ရေးဘီလူးအဖွဲ့ ပစ်သတ်

-

မွန်ပြည်နယ်၊ ရေးမြို့၊ မြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သား ၂ ဦးကို ပစ်သတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ချက်ထားသည်။

ရေးမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့သည် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန်ခန့်က ရေးမြို့နယ်အခြေစိုက် တပ်ရင်း ၁၉ အနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

ရေးမြို့မစခန်းမှူးနှင့်အဖွဲ့တို့ ပစ်သတ်ခံရသည့်ဖြစ်စဥ်အတွင်း လက်နက်နှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိသည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

“စခန်းမှူးနဲ့အဖွဲ့ကို  တပ်ရင်း ၁၉ အနီးမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်၊ သိမ်းဆည်းရမိတဲ့လက်နက်တွေက M16 A1 တစ်လက်၊ စခန်းမှူးကိုင်တဲ့ ၆ လုံးပြူးတစ်လက်နဲ့ စာရွက်စာတမ်းအချို့ ပါတယ်၊ စခန်းမှူးကို ကျွန်တော်တို့ လိုက်နေခဲ့တာ ကြာပါပြီး ဒီနေ့ ၈ နာရီ ၂၅ မိနစ်လောက်မှာ စခန်းမှူးအပါအဝင် ပေါင်း ၃ ဦးကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့မှ သုတ်တင်ရှင်လင်းလိုက်တာဖြစ်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်းက ထုတ်ပြန်ပြောဆိုထားသည်။

ရေးမြို့မစခန်းမှူးနှင့်အဖွဲ့တို့ ပစ်သတ်ခံရပြီးနောက် ရေး-ထားဝယ်ကားလမ်းတွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည့်အပြင် ရေးမြို့ပေါ်တွင်လည်း စစ်ဆေးမှု တင်းကြပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

“ကားလမ်းမှာလည်း စစ်ဆေးမှုလုပ်နေတယ်၊ မြို့ပေါ်မှာလည်း စစ်ဆေးနေတယ်၊ ဒီလိုရှုပ်ထွေးနေတဲ့အချိန် အသွားအလာ မလုပ်တာအကောင်းဆုံးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ခေါဇာမြို့မစခန်းမှူးနှင့် ရဲတပ်သားနှစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။ ၎င်းပြင် စက်တင်ဘာ ၂၁ ရက်နေ့က လမိုင်းမြို့ နယ်ထိန်းရဲကိုလည်း ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးတွေ ရဲစခန်းတွေနှင့် စစ်ဆေးရေးဂိတ်တွေကိုလည်း မကြာခန ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

၎င်းပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အရပ်သားဝန်းထမ်းတွေနှင့် စစ်ကောင်စီသတင်း ဒလန်ဆိုပြီး သတ်မှတ်ခံရသည့်လူတွေကိုလည်း မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ရှေ့ဆက်လည်း စစ်ကောင်စီသတင်းပေး ဒလန်တွေကို ပစ်ခတ်ရှင်းသွားမည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသလို အုပ်ချုပ်ရေးမှူးတွေ CDM မပြုလုပ်သောဝန်ထမ်းတွေ နှုတ်ထွက်ကြဖို့လည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီကတော့ ရေးဘီလူးအဖွဲ့ကို  ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမယ်လို့ သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts