Homeသတင်းKNU တပ်မဟာ(၆) နယ်မြေထဲက သတ္တုမိုင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

KNU တပ်မဟာ(၆) နယ်မြေထဲက သတ္တုမိုင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

-

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် မက္ကသာကျေးရွာအနီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေအတွင်းရှိ သပြု ခနောက်စိမ်းသတ္တုမိုင်းကို စစ်ကောင်စီတပ်တို့က ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သပြု ခနောက်စိမ်းသတ္တုမိုင်း လုပ်ကွက်ကို ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်ခန့်က ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိုင်းလုပ်ကွက်တစ်လုံးနီးပါ ပျက်စီးသွားပြီး၊ မိုင်းလုပ်သား ၃ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိသွားသည့်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

“မနက်က ၁ နာရီလောက်မှာ သပြု မိုင်းလုပ်ကွက်နေရာကို လေယာဥ်နဲ့ ဗုံးလာကြဲသွားတာ၊ လုပ်ကွက်ကတော့ တော်တော်ပျက်စီးသွားတယ်၊ လောလောဆယ် ၃ ဦးသေသွားတယ်လို့ သိရတယ်၊ ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်၊ အဲမိုင်းလုပ်ကွက်က KNU တပ်မဟာ(၆) မှာ ရှိတယ်” ဟု မက္ကသာဒေသခံတစ်ဦးက ပြောသည်။ 

သတ္တုမိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူထဲတွင် တရုတ်နိုင်ငံသားလည်း ပါဝင်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

"ဒီလုပ်ကွက်ရှိနေတဲ့ KNU တပ်မဟာ၆ နယ်မြေ အတွင်း ကော့ကရိတ် ၊မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင် နေကြရ တယ်" ထိုင်းမြန်မာနယ် စပ် အခြေပြု စစ်ဘေးရှောင် ကူညီ ရေး လုပ်ဆောင်နေသူတွေကပြောပါသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်ခန့်ကလည်း မက္ကသာကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် မက္ကသာကျေးရွာ ဘုန်ကြီးကျောင်း မီးလောင်ပျက်စီးသွားခဲ့သည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts