Homeသတင်းသံဖြူဇရပ်မြို့နယ်အတွင်း ဓားခုတ်မှု နှစ်ရက်ဆက်တိုက်ဖြစ်

သံဖြူဇရပ်မြို့နယ်အတွင်း ဓားခုတ်မှု နှစ်ရက်ဆက်တိုက်ဖြစ်

-

Photo : လူမူကယ်ဆယ်ရေးအဖွဲ့ မှ ကယ်ဆယ်လိုက်သည့် ဓားခုတ်ခံရသူတဦး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း၌ ဓားခုတ်မှု နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် စိတ်ကျရောဂါခံစားနေရသူ အမျိုးသားတစ်ဦးက လူငယ်အမျိုးသားနှစ်ဦးကို ဓားဖြင့် လိုက်ခုတ်သည့်ဖြစ်စဥ်တစ်ခု နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။  

“သူ့မှာက စိတ်ကျရောဂါရှိတယ်။ ကောင်လေးနှစ်ယောက်ကို ဓားနဲ့လိုက်ခုတ်တာ။ သူ့ကိုယ်သူလည်း သတ်သေတယ်။ သေတော့မသေဘူး ဒဏ်ရာတော့ပြင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓားဖြင့် ခုတ်ခံရသူ နှစ်ဦးတွင် လည်ပင်း၊ ဇက်ပိုးတို့တွင် ဒဏ်ရာရရှိပြီး လိုက်ခုတ်သူ အမျိုးသားလည်း လည်ပင်းပြတ်ရှဒဏ်ရာဖြင့် ပြင်းထန်ဒဏ်ရာအသီးသီးရရှိသွားသည်ဟုလည်း သူကဆက်ပြောသည်။

အဆိုပါ ဓားဒဏ်ရာ ရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် သံဖြူဇရပ်ဆေးရုံမှတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်ကလည်း သံဖြူဇရပ်မြို့နယ်၊ ကလိန်ပ‌ဒေါကျေးရွာတွင် အမွေကိစ္စကြောင့်နှင့် ညီအကိုနှစ်ဦးကို ညီမဖြစ်သူ၏ ယောင်္ကျားက ဓားဖြင့် ခုတ်သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

“သူတို့က မောင်နှမအချင်းချင်းပဲ အမွေကိစ္စနဲ့ အမှုတွေဖြစ်ထားကြတယ်၊ တရားရုံးမှာ ဖြေရှင်းထားပြီးပြီ ရှုံးတဲ့သမက်က နိုင်သွားတဲ့ နှစ်ယောက်ကို ဝင်ခုတ်တာ လယ်ထဲရှိတဲ့အချိန်မှာ ဝင်ခုတ်တာ” ဟု ပိုင်ရှင်မဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ဦးရဲမင်းထိုက်က ပြောသည်။

ဓါးခုတ်ခံရမှုကြောင့် အသက် ၅၃ နှစ်ရှိ ဦးငယ်ဆိုသူက လက်ဖျံတွင်လည်းကောင်း၊ အသက် ၄၃ နှစ်ရှိ ဦးဝင်းထွန်းဆိုသူက မျက်နှာ၊ ဦးခေါင်းနှင့် တံတောင်ဆစ်တို့တွင်လည်းကောင်း  ပြင်းထန်ဒဏ်ရာ အသီးသီးရရှိသည်။

ပြင်းထန်ဓါးဒဏ်ရာရရှိသူနှစ်ကို သံဖြူဇရပ်မြိုနယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေကြောင်း ဓါးဖြင့် ခုတ်သူကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးရမိပြီးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts