Homeသတင်းချောင်းနှစ်ခွ ရဲစခန်းတိုက်ခိုက်ခံရပြီး ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေရ  

ချောင်းနှစ်ခွ ရဲစခန်းတိုက်ခိုက်ခံရပြီး ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေရ  

-

Photo : ကရင်ပြည်နယ်မှ မွန်ပြည်နယ်သို့ စီးဆင်းသွားသည့် ဇမိမြစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံ ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်း ၅ နာရီခွဲအချိန်ခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့သွားခဲ့ကြောင်း  ဒေသခံတို့ထံမှ သိရသည်။ 

ရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် နံနက် ၇ နာရီအချိန်ခန့်မှစကာ လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီဘက်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ချောင်းနှစ်ခွကျေးရွာနှင့် အနီးအနားရှိကျေးရွာတို့မှ ဒေသခံ ထောင်ချီတို့က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“ရဲစခန်းတိုက်ခိုက်ခံရပြီးတော့ လေယာဥ်နှစ်စင်းနဲ့ ဗုံးကြဲချနေတော့ ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘူး ထွက်ပြေးကုန်တယ်၊ ရွာလုံးကျွတ်နီးပါးပဲ၊ လူ ထိခိုက်တာ သေဆုံးတာတော့ မကြားမိသေးဘူး” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦးက ဆိုသည်။

ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ် စီးနင်းတိုက်ခိုက်ခံရသည့်ဖြစ်စဥ်အတွင်း ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိသည့်အပြင် ဖမ်းဆီးခံရသူတွေလည်းရှိနေသည်ဟု ဒေသခံတို့ကပြောဆိုနေပြီး ကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ်စခန်းတို့သည် ယခုနှစ်အတွက် သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေနှင့် BGF တပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts