Homeသတင်းမြဝတီ-ကော့ဂရိတ်အာရှလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ် (၇) ဦး သေဆုံး 

မြဝတီ-ကော့ဂရိတ်အာရှလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ် (၇) ဦး သေဆုံး 

-

နိုဝင်ဘာ (၉) ရက်နေ့ နံနက်ပိုင်း၌ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး လူ (၇) ဦးသေဆုံးကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင်  မြဝတီမှ ဆင်းလာသည့် ခရီးသည်တင် အန်စာတုံးယာဉ်တစ်စီးက လမ်းတားတုံးကို ကျော်ပြီး အုတ်ခုံဝင်တိုက်ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းအပါအဝင် ယာဉ်ပေါ် လိုက်ပါလာသူ (၇) ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားသည်ဟုလည်း လူမူကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းတားတုံးကိုကျော်ပြီးတော့ ကွန်ကရစ်ဆိုင်းဘုတ်အုတ်ခုံကိုဝင်တိုက်ပြီး မှောက်သွားတာ အခင်းဖြစ်တဲ့နေရာမှာပဲ လူသေမှုဖြစ်သွားတယ်” ဟု ပုလဲဖြူ လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဥ်မတော်တဆတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများတွင် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ပါဝင်သည်။ ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့်  သေဆုံးသူများ၏ ရုပ်အလောင်းများကို ပုလဲဖြူလူမှုကူညီရေးအသင်း၏အကူအညီဖြင့် ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံးသို့ ပို့ဆောင်ပေးခဲ့ကြသည်။

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းတွင် ပြီးခဲ့သည့် အောက်တိုဘာ (၃၀) ရက် ညနေပိုင်းကလည်း ခရီးသည်တင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားပြီး  လူ (၇) ဦး သေဆုံးကာ (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူမြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်း ကွမ်းခြံကွေ့ ကုန်းဆင်းတွင် မော်လမြိုင်မှ မြဝတီသို့သွားသည့် ဇာတ်သဘင်ကားတစ်စီး တိမ်မှောက်ခဲ့ရာ သေဆုံးသူ (၁၂) ဦးအထိ ရှိခဲ့သည်။ 

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယာဉ်အန္တရာယ်မကြာခဏ ဖြစ်ပေါ်နေပြီး ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာကြရန် အထူးသတိထားမောင်းနှင်ကြရန် လိုအပ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းပြောဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts