Homeသတင်းမွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု နှစ်ဆနီးပါး မြင့်တက်လာ

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု နှစ်ဆနီးပါး မြင့်တက်လာ

-

Photo : google

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းသည် ယခုနှစ်တွင် နှစ်ဆနီးပါး မြင့်တက်လာကြောင်း မူးယစ်ဆေးဝါး‌အရေးဆောင်ရွက်နေသူတို့၏ ကောက်ယူထားသည့်စစ်တမ်းများအရ သိရသည်။

မူးယစ်ဆေးဝါး‌အရေးဆောင်ရွက်နေသူတို့၏ ကောက်ယူထားသည့်စစ်တမ်းများအရ ယမန်နှစ်က မူးယစ်ဆေးဝါးသုံးစွဲမှု ၄၅ ရာခိုင်နှုန်း‌ကျော်ရှိပြီး ယခုနှစ်မှာတော့ မူးယစ်ဆေးဝါး သုံးစွဲသူများ ၇၅ ရာခိုင်နှုန်းကျော်အထိ တိုးလာသည်။

မူးယစ်ဆေးဝါးသုံးစွဲသူ ၇၅ ရာခိုင်နှုန်းတွင် အသက် ၁၃ နှစ်နှင့် ၂၁ နှစ် အရွယ် လူငယ် ၃၅ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း မူးယစ်ဆေးဝါး‌အရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင် အရင်နှစ်တွေထက် ၃၅ ရာခိုင်နှုန်းကျော် ပိုတက်လာတာပေါ့။ အဲထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေပါဝင်မှုလည်း ပိုများတယ်။ အရင်နှစ်တွေတုန်းက အဲလောက်မများဘူး” ဟု ၎င်းက ဆက်ပြောသည်။

ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုသာမက ရောင်းဝယ်ဖြန့်ဖြူးမှုလည်း ပိုများလာကြောင်းလည်း မူးယစ်ဆေးဝါး‌အရေးဆောင်ရွက်နေသူတို့က ပြောသည်။

မော်လမြိုင်မြို့ အရပ်ဖက်အဖွဲ့အစည်းအဖွဲ့ဝင်တစ်ဦးကလည်း “ဥပဒေအရ ထိန်းဖို့ဆိုတာကလည်း ထိထိရောက်ရောက်လုပ်တာမတွေ့ရဘူး။ မွန်ပြည်နယ်မှာက မြို့ပေါ်ထက် ရွာဘက်တွေဆို ပိုပေါတာပေါ့။ အလုံး(စိတ်ကြွရူးသွပ်ဆေး)ရော အရွက်(ဘိန်းစာရွက်)ရော အကုန်သုံးတာ ပေါမှပေါ။ ဘိန်းဖြတ်စခန်းပို့လည်း ခဏပေါ့။ ဒီလောက်ပေါနေတာ ပြန်သုံးတာပေါ့”ဟု ပြောသည်။

လက်ရှိတွင် ဥပဒေအရ  မူးယစ်ဆေးဝါးနှင့် ပတ်သတ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း လူငယ်မျအကြားတွင် WY စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းစာရွက် အဓိက ပိုမိုသုံးစွဲကြသည်ဟုလည်း လူငယ်တို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts