Homeသတင်းမော်လမြိုင်အနီးတွင် တက္ကစီသမားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုခံရ

မော်လမြိုင်အနီးတွင် တက္ကစီသမားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုခံရ

-

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့ခနိကျေးရွာအနီး လယ်ကွင်းဘေး ရေမြောင်းနေရာတွင်  ဆိုင်ကယ်တက္ကစီသမားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယူခံရကြောင်း လူမူကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ကော့ခနိကျေးရွာအနီး လယ်ကွင်းဘေး ရေမြောင်းနေရာတွင် နိုဝင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်တက္ကစီတစ်ဦး ရင်ဘတ် ဓါးထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေပြီး ဆိုင်ကယ်လည်း လုယူခံသွားရသည်ဟုလည်း သိရသည်။

“ကျတော်တို့ဆီ ဆက်သွယ်လာတာတော့ ကော့ခနိတောင်ကုန်းအောက်ပိုင်း လယ်ကွင်းမှာ ရေမြောင်းရှိတာပေါ့ အဲမြောင်းထဲမှာ လူတစ်ဦးသေဆုံးနေတာ သတင်းရလာပြီး အလောင်းသွားကောက်တယ်” ဟု လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဓားဒဏ်ရာဖြင့် သေဆုံးသွားသည့် ဆိုင်ကယ်တက္ကစီသမားသည် ရာမညဆိုင်ကယ်ပို့ဆောင်ရေး ယာဥ်လိုင်းမှဖြစ်ပြီး မော်လမြိုင်မြို့  သာယာအေးရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။

လူသတ်ပြီး ဆိုင်ကယ်ပါ ယူဆောင်သွားသည့် တရားခံကို သက်ဆိုင်ရာက စုံစမ်းရှာဖွေလျှက်ရှိသည်။

သေဆုံးသူ တက္ကစီသမား၏ ရုပ်လောင်းကို လူမူကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် မော်လမြိုင်ဆေးရုံးကြီး ရင်ခွဲရုံးသို့ ပို့ဆောင်ပေးထားကြောင်း လူမူကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts