Homeသတင်းမွန်ပြည်နယ်အတွင်း ရော်ဘာစေးခြစ် ကျွမ်းကျင်အလုပ်သမား ရှားပါးမှု ကြုံတွေ့နေရ။

မွန်ပြည်နယ်အတွင်း ရော်ဘာစေးခြစ် ကျွမ်းကျင်အလုပ်သမား ရှားပါးမှု ကြုံတွေ့နေရ။

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ခင်းများပြားသည့် ဒေသဖြစ်ပြီး ရော်ဘာအစေးခြစ်သည့် ရာသီအစတွင် ရော်ဘာစေးခြစ် ကျွမ်းကျင်အလုပ်သမား ရှားပါးမှုနှင့် ကြုံနေကြောင်း ရော်ဘာခြံပိုင်ရှင်များထံက သိရသည်။

ရော်ဘာရာသီအစ ဖြစ်သော်လည်း ရော်ဘာအစေးခြစ် ကျွမ်းကျင်အလုပ်သမား မရှိသောကြောင့် ရှာနေရကြောင်း မုဒုံမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Read more: မွန်ပြည်နယ်အတွင်း ရော်ဘာစေးခြစ် ကျွမ်းကျင်အလုပ်သမား ရှားပါးမှု ကြုံတွေ့နေရ။

“ခြံတွေကိုက ပြင်ပြီးပြီ။ အလုပ်သမားပဲ မရှိတာ အစေးခြစ်မကျွမ်းရင် အပင်အရမ်းနာတယ်။ ကျွမ်းကျင်လုပ်သားတွေကလည်း ရှားလာတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်မှ ရော်ဘာစိုက်ခင်းတခု

ပြီးခဲ့သည့်နှစ်တွင် ရော်ဘာအလုပ်သမားများကို နေ့စားခ တစ်ရက်ကို ၆၀၀၀ ပေးကြောင်း ဆက်ပြောသည်။ အလုပ်သမား နေ့ စားခ ဈေးနှုန်းကွာသောကြောင့် ကျွမ်းကျင်အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ အဓိက သွားရောက် လုပ်ကိုင်ကြကြောင်း ထပ်ပြောသည်။

လက်ရှိကာလတွင် ရော်ဘာအစေးခြစ် အလုပ်သမားသစ်များကို နေစားခ ၅၀၀၀ ဖြင့် ခေါ်ယူထားပြီး အစေးခြစ်နည်းများကို ပြန်လည်သင်ကြားပေးနေရကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်အသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“နှစ်တိုင်း အလုပ်သမား ရှားပါးမှုပြဿနာကို ကြုံရတာပဲ။ ဒီနှစ်ပိုဆိုးတယ်။ ညဘက်ရော်ဘာခြစ်မသွားရဲတာတွေ၊ အစစ်ဆေးကြမ်းတာတွေရှိတော့ ထိုင်းကိုပဲသွားကြတော့တယ်” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိပြီး အလုပ်သမားအခက်အခဲရှိသောကြောင့် ပိတ်သိမ်းထားရသည် ရော်ဘာစိုက်ဧက တစ်သိန်းကျော်ရှိကြောင်း ရော်ဘာလုပ်ငန်းရှင်အသင်း၏ စာရင်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts