Sunday, March 15, 2026
More
    spot_img
    Homeသတင်းတစ်ဖက်နှင့် တစ်ဖက် အနှောက်အယှက်မဖြစ်ရန် KNUမှ စည်းကမ်းချက်ထုတ်ခြင်း ဖြစ်နိုင်ဟု ပြော

    တစ်ဖက်နှင့် တစ်ဖက် အနှောက်အယှက်မဖြစ်ရန် KNUမှ စည်းကမ်းချက်ထုတ်ခြင်း ဖြစ်နိုင်ဟု ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၈)

    ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေအတွင်း ရောက်ရှိနေသည့် တော်လှန်ရေးအဖွဲ့အစည်းများ လိုက်နာရန် စည်းကမ်းချက် ထုတ်ပြန်ခြင်းသည် တစ်ဖက်နှင့် တစ်ဖက် အနှောက်အယှက်မဖြစ်ရေး ထုတ်ပြန်ခြင်း ဖြစ်နိုင်ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

    KNU တပ်မဟာ ၁ နယ်မြေအတွင်း အခြေစိုက်သည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များ လိုက်နာရမည့် စည်းကမ်းချက် (၂၅) ချက်ကို KNU တပ်မဟာ ၁ မှ ထုတ်ပြန်ခဲ့သည်။

    “အဲဒီလိုပေါ့ဗျာ တိုင်းရင်းသားဒေသတွေမှာ လာပြီးတော့ ပြည်မပေါ့၊ ဗမာတွေ အများစု ပြည်မတွေက နိုင်ငံရေးအဖွဲ့အစည်းတွေ ခိုလုံလာတဲ့အခါမှာ အဲဒီမှာ ပြဿလေးတွေတော့ ရှိတာပေါ့၊ ပြဿနာလေးတွေရှိတယ်၊ တိုင်းရင်းသားဒေသရဲ့ ပြည်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပြဿနာလေးတွေ ရှိတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နေထိုင်တဲ့အခါမှာ ပြဿနာရှိတယ်၊ ဒါကတော့ စနစ်တကျတည်ဆောက်ထားတဲ့ နှစ်ဖက် စနစ်တကျတည်ဆောက်ထားတဲ့ ဆွေးနွေးထားပြီး လုပ်ဆောင်လာတဲ့ ကိစ္စလည်း မဟုတ်တဲ့အခါမှာ အဲဒီလိုပေါ့ တစ်ဖက်ရဲ့ လုပ်ဆောင်မှုဟာ တစ်ဖက်အတွက် အနှောက်အယှက်ဖြစ်နိုင်တယ်၊ သံသယဖြစ်နိုင်တယ်၊ အဲဒါကြောင့် အဲဒီလိုပဲ သူတို့ စည်းကမ်းချက်တွေကို သတ်မှတ်ပြီးတော့ ဒီအတိုင်းနေနိုင်ရင်နေပေါ့၊ အဲဒီလို သဘောမျိုး ထုတ်ပြန်တာလို့ ကျနော်ယူဆပါတယ်” ဟု ပြောသည်။

    မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်း အင်အားစုများသည် ရှေ့တန်းစစ်မြေပြင်တွင် KNU မြို့နယ်/ ကျေးနယ်များ၏ ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်၊ ပြည်သူလူထုအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်းမပြုလုပ်ရန်၊ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်း အင်အားစုများသည် အရပ်သားပြည်သူများ၏ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန် KNU တပ်မဟာ ၁ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ထို့အတူ ဒေသခံပြည်သူလူထု၏ ဘာသာ၊ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာများအား လေးစားလိုက်နာရန်၊ ဒေသခံပြည်သူလူထုနှင့် ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စ အရှုပ်အရှင်းများမပြုလုပ်ရန်၊သက်ဆိုင်ရာနယ်မြေအတွင်း မိမိအဖွဲ့အစည်းသဘောဖြင့် ငွေကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်းလုပ်ငန်းများမပြုလုပ်ရန် စသည့် အချက်များ ပါရှိသည်။

    နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ဒါကတော့ဗျာ၊ ကျ‌နော်တို့ အခုကတော့ KNU နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကလည်း အနှံ့အပြား ပါပဲ၊ KNU တပ်မဟာ ၇ ခုလုံးမှာ ဒေသဆိုင်ရာ PDF အဖွဲ့အစည်းတွေ ရှိတာပေါ့ဗျာ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်တယ်၊ အဲဒီအထဲမှာ NUG ရဲ့ တိုက်ရိုက် ‌ခေါင်းဆောင်မှု အောက်မှာရှိတဲ့ အင်အားလည်း ရှိ တယ်၊ ဒါပေမဲ့ သီးခြား ကျနော်တို့ ရပ်တည်ပြီး KNU နဲ့ ပူးပေါင်း တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေ ရှိတယ်၊ အဲဒီ တော့ ဒီအင်အားစုတွေရဲ့ အတွင်းမှာ စစ်ရေးလုပ်ငန်းစဉ်နဲ့ စစ်ရေး စည်းကမ်းတွေနဲ့ ပတ်သက်လို့ တစ်ညီတစ်

    ညာ တည်းဖြစ်အောင် ဒီလို ကြေညာချက် ထုတ်ပြန်သတိပေးတာ ဖြစ်ပါတယ်ခင်ဗျ” ဟု ပြောသည်။

    ၂၀၂၁ ခုနှစ်၊ စစ်တပ်မှ အာဏာယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ ကျောင်းသား၊ လူငယ်များ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ခိုလှုံကာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks