Homeသတင်းမွန်ပြည်နယ်အတွင်းရှိ ဆေးတံအပါအဝင် လက်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေး

မွန်ပြည်နယ်အတွင်းရှိ ဆေးတံအပါအဝင် လက်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၇)

မွန်ပြည်နယ်၊ ဘီလူးကျွန်းဒေသမှ ထွက်‌သော ဆေးတံ၊ အလှဆင် ကျောက်သင်ပုန်းအပါအဝင် လက်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ကိုဗစ်စတင်ဖြစ်ပွားသည့်အချိန်မှ လက်ရှိအချိန်ထိ လုပ်ငန်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်နားထားရသည်မှာ သုံးနှစ်ပြည့်တော့မည်ဖြစ်ကြောင်း နယ်ဝေး အမှာများ ရှိမှသာ လုပ်ကိုင်နေရကြောင်း ချောင်းဆုံမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဟိုတယ်ကြီးတွေပေါ့။ အလှဆင်ဖို့အတွက် ပစ္စည်းတွေအော်ဒါမှာမှ လုပ်ရတယ်။ မဟုတ်ရင် ဝယ်သူမရှိတော့ လုပ်ငန်းက ရပ်ထားတာကြာပြီ။ အဲဒီလိုအော်ဒါရှိမှ ပြန်ပြီးလုပ်ကြတာပေါ့”ဟု ၎င်းက ပြောသည်။

ကိုဗစ် စတင်ဖြစ်ပွားသည့်အချိန်ထဲက ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု မရှိဖြစ်ခဲ့ကြောင်း၊ ထို့နောက် နိုင်ငံရေးအခြေအနေများကြောင့် ခရီးသွား ဝင်ရောက်မှု မရှိသောကြောင့် လုပ်ငန်းများ ရပ်နားထားရဆဲဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများ အချိန်ကြာမြင့်စွာ ရပ်နားထားသောကြောင့် လက်မှုလုပ်ငန်းကို မှီခိုနေသော အလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာကြောင်း ဆေးတံနှင့် ကျောက်သင်ပုန်း အလှဆင်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

“အော်ဒါရတဲ့အချိန်မှ လုပ်ရတော့ ကျနော်တို့အတွက်က အဆင်မပြေဘူးလေ။ အရင်ကဆို နေ့တိုင်းဆိုတော့ ပိုက်ဆံက နေ့တိုင်းရတယ်။ အခုက အော်ဒါရမှ လုပ်တယ်။ ကျွန်တော်တို့လည်း အဲတော့လုပ်ရတော့ ဘယ်လိုမှ အဆင်မပြေဘူး”ဟု ပြောသည်။

မွန်ပြည်နယ်မှ ဆေးတံအပါအဝင် ကျောက်သင်ပုန်းအလှဆင်ပစ္စည်း နှင့် နာရီများကို ရန်ကုန်၊ မန္တလေး၊ မြဝတီနှင့် မြစ်ကြီးနားမြိုနယ်ရှိ ဟိုတယ်များမှ အော်ဒါမှာယူမှုများ ရှိနေကြောင်း သိရသည်။

 Topics; #မွန်ပြည်နယ် #ဆေးတံ #ကျောက်သင်ပုန်း #အလှဆင်ပစ္စည်း #လက်မှုလုပ်ငန်း #ပြည်တွင်းပြည်ပခရီးသွား

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts