Tuesday, March 17, 2026
More
    spot_img
    Homeသတင်းဝါးဈေးတက်သောကြောင့် တစ်နိုင်တစ်ပိုင် ဝါးထည်ပစ္စည်းလုပ်ကိုင်သူများ ရပ်နား

    ဝါးဈေးတက်သောကြောင့် တစ်နိုင်တစ်ပိုင် ဝါးထည်ပစ္စည်းလုပ်ကိုင်သူများ ရပ်နား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၃)

    မွန်ပြည်နယ်အတွင်း တစ်နိုင်တစ်ပိုင် ဝါးထည်လုပ်ငန်း လုပ်ကိုင်သူများ ဝါးဈေးတက်နေသောကြောင့် လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။

    ကုန်ကြမ်းပစ္စည်းဖြစ်သော ဝါးဈေးများ တက်လာသောကြောင့် လုပ်ငန်းများကို ရပ်နားထားရကြောင်း  မော်လမြိုင်မှ ဝါးထည်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ခရီးသွားများတဲ့ အချိန်တွေကိုပဲ အားကိုးပြီး ဆိုင်ဖွင့်ရတာပေါ့။ အခုက ခရီးသွားလည်း နည်းတယ်။ ကုန်ကြမ်းတွေကလည်း အရင်ထက်ကို ဈေးတက်နေတော့ လုပ်ငန်းနားထားတယ်”ဟု ၎င်းက ပြောသည်။

    ထို့ပြင် ဝါးကုန်ကြမ်း ပစ္စည်းများလည်း ဈေးတက်လာသောကြောင့် ပုံစံသစ်များ ထပ်မံလုပ်ဆောင်ရန် ခက်ခဲနေကြောင်း၊ ခရီးသွားဝင်ရောက်နိုင်သည့် လာမည့် ဒီဇင်ဘာ‌လမှ ဆိုင်ခန်းများ ပြန်ဖွင့်ပြီး လုပ်ငန်း ပြန်လည်စတင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

    ယခင်နှစ်တွင် ဝါးတစ်လုံး ၂၅၀ ကျပ် ဝယ်ဈေးရှိသော်လည်း ယခုနှစ်တွင် ၅၅၀ ကျပ် မှ ၇၀ဝ ကျပ်ထိ ပေါက်‌ဈေးရှိနေကြောင်း သိရသည်။

    သထုံမြိူ့နယ်မှ လုပ်ငန်းရှင်တစ်ဦးက “၀ါးဈေးတက်နေပေမယ့် ရောင်းနေသေးတယ်ဆိုရင်တော့ ကာမိတာပေါ့။ အခုက ဝယ်လက်လည်း မရှိ ကုန်ကြမ်းကလည်း ဈေးတက်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုရပ်တည်နိုင်မှာလဲ”ဟု ပြောသည်။

    ကိုဗစ်ကာလမှ စတင်ကာ အရောင်းအဝယ်ပါးလာခြင်းဖြစ်ပြီး ဝယ်ယူသူမရှိဖြစ်နေသည်မှာ နှစ်နှစ်ကျော်လာပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါးထည်လုပ်ငန်းများ ရပ်နားလာကြပြီး လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာကြကြောင်း ၎င်းက ပြောသည်။

    ယခင်က ဝါးဆံထိုး၊ ဝါးယက်တောင်၊ ဝါးဖြင့် ပြုလုပ်ထားသော စားပွဲတင်အလှဆင်ပစ္စည်းများ နှင့် ဝါးကုလားထိုင်များကို ဝယ်ယူမှုများ ရှိသော်လည်း လက်ရှိအချိန်တွင် ဝင်ရောက်ကြည့်ရှုသူ မရှိဖြစ်နေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။Topics; #မွန်ပြည်နယ် #ဝါးထည်လုပ်ငန်း #ဝါးဈေး #ကုန်ကြမ်း

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks