spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းတရားမဝင်မြန်မာအလုပ်သမားများ တင်ဆောင်လာသောကားတစ်စီး စံခလပူရီမြို့အနီးတိမ်းမှောက်ပြီး ၄ ဦးသေဆုံး ၉ ဦးဒဏ်ရာရရှိ

    တရားမဝင်မြန်မာအလုပ်သမားများ တင်ဆောင်လာသောကားတစ်စီး စံခလပူရီမြို့အနီးတိမ်းမှောက်ပြီး ၄ ဦးသေဆုံး ၉ ဦးဒဏ်ရာရရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၈ သြဂုတ် ၂၀၂၂)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ တရားမဝင်မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် မော်တော်ယာဥ်တစ်စီး ယနေ့နံနက် ၄ နာရီကျော်အချိန်ခန့်တွင် ကန်ချနပူရီခရိုင် စံခလပူရီမြို့ပြင်ရှိ PTT စက်သုံးဆီအရောင်းဆိုင်အနီး လမ်းချော်တိမ်းမှောက်သဖြင့် မြန်မာနိုင်ငံသား ၄ ဦး သေဆုံး၍ ကျန် ၉ ဦးဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သတင်းရရှိသည်။   

    “သေဆုံးတဲ့လူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ သေဆုံးခဲ့တဲ့ ၄ ဦးထဲမှာ ၁၄ အရွယ် ယောကျ်ားလေးတစ်ဦးအပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်တယ်”ဟု ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

    အခင်းဖြစ်ပွားရာသို့ စံခလပူရီရဲအရာရှိနှင့်တပ်ဖွဲဝင်တို့အပြင် ကယ်ဆယ်ရေးဝန်ထမ်းများ အချိန်မီရောက်ရှိသွားပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာတွင် မြန်မာအလုပ်သမား အများအပြားတင်ဆောင်လာသည့် မော်တော်ယာဥ် အမြန်မောင်းနှင်မှုကြောင့် လမ်းကွေ့ငယ်လေး၌လမ်းချော်၍ လမ်းဘေးမြောင်းသို့ ထိုးကျတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းဖြစ်စဥ်တွင် ယာဥ်မောင်းနှင့် ပွဲစား ၂ တို့ ဦးစလုံး ထွက်ပြေးလွတ်မြောက်သွားသည် ယူဆရကြောင်း၊ ဒဏ်ရာရရှိသူများကို စံခလပူရီဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း စံခလပူရီမြို့မှ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။  

    အလားတူ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်တွင် တရားမဝင်မြန်မာလုပ်သား ၁၀ ဦး လိုက်ပါလာသည့် ကားတစ်စီးကို သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ထိုင်းအာဏာပိုင်တို့ ဖမ်းမိခဲ့ပြီး အတူပါရှိလာသော နောက်ထပ်ကားနှစ်စီး မောင်းပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks