Homeသတင်းမော်လမြိုင်တွင် ရွှေဆိုင်များကို ဖုန်းဖြင့် ခြိမ်းခြောက်မှုများရှိလာ၍ ဆိုင်များပိတ်သိမ်း

မော်လမြိုင်တွင် ရွှေဆိုင်များကို ဖုန်းဖြင့် ခြိမ်းခြောက်မှုများရှိလာ၍ ဆိုင်များပိတ်သိမ်း

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၂၅)

မော်လမြိုင်မြို့နယ်တွင် အမည်မသိအဖွဲ့အစည်းတစ်ခုက ရွှေဆိုင်များကို ဖုန်းဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းမှုများ ရှိနေသောကြောင့် ဆိုင်များပိတ်သိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်ထဲက ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေတောင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း မပေးပါက လက်ပစ်ဗုံးဖြင့် လာရောက် ပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်လာကြောင်း ပြည်နယ် လုပ်ငန်းရှင်အသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းထဲက တစ်ဆိုင်စ နှစ်ဆိုင်စ အသံတွေ ကြားရတယ်။ အဲလိုကြုံတယ်ဆိုပြီး သိရတာ။ နောက်တော့ ဆိုင်တော်တော်များကို အဲလိုပဲ ခြိမ်းခြောက်နေတယ်ဆိုတော့ ဆိုင်တွေက ပိတ်ထားလိုက်ကြတယ်”ဟု ၎င်းက ပြောသည်။

ဖုန်းဆက်ကာ တောင်းဆိုသည့် ငွေကြေး ပမာဏသည် တစ်ဆိုင်နှင့် တစ်ဆိုင် မတူကြောင်း ၎င်းက ဆက်ပြောသည်။

ဩဂုတ်လ ၂၄ရက် မှ စတင်ကာ မြိုင်ရတနာနှစ်ထပ်ဈေး အပေါ်ထပ်ရှိ ရွှေဆိုင်များ၊ ဒိုက်ဝန်းကွင်းနှင့် လမုတန်းဈေးရှိ ရွှေဆိုင်များ နှင့် သထုံတံတားလမ်းရှိ ရွှေဆိုင်တစ်ချို့ ပိတ်သိမ်းထားကြောင်း သိရသည်။

မွန်ပြည်နယ်ရွှေလုပ်ငန်းရှင်များအသင်းမှ အမည်မဖော်လိုသူတစ်ဦးက “အဲဒီအဖွဲ့ဖုန်းက ဖုန်း ၂ ခါဆက်ခဲ့တယ်၊ ငွေတစ်သိန်းပဲတောင်းပါတယ်၊ ရှောင်ပုန်းမနေပါနဲ့တဲ့ မိသားတစ်စုလုံး ဒုက္ခတွေ့မယ်တဲ့၊ ပစ်မယ်သတ်မယ်ပေါ့” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူ မုဒုံမြို့နယ်တွင်လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်က အမည်မသိ အဖွဲ့အစည်းတစ်ခုက ငွေမပေးပါက ဗုံးဖောက်ခွဲမည်ဟု ခြိမ်း‌‌ခြောက်ခဲ့သောကြောင့် မုဒုံမြို့ပေါ်မှ ရွှေဆိုင်များ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

Topics; #မော်လမြိုင် #ရွှေဆိုင် #ခြိမ်းခြောက်  #ငွေတောင်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts