Homeသတင်းသထုံမြို့နယ်တွင် လင်မယားစကားများရာမှ အမျိုးသားဖြစ်သူ ကြိုးဆွဲချ သေဆုံး

သထုံမြို့နယ်တွင် လင်မယားစကားများရာမှ အမျိုးသားဖြစ်သူ ကြိုးဆွဲချ သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂  သြဂုတ် ၂၃)

သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု လေးတိုင်ကျေးရွာတွင် လင်မယားချင်း စကားများရာမှ အမျိုးသားဖြစ်သူ ကြိုးဆွဲချ သတ်သေခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၀ ရက် ည  ၉ နာရီအချိန်ခန့်က မိန်းမဖြစ်သူမှ ကလေးကို စာသင်ပေးနေရင်း အမျိုးသားဖြစ်သူ အိမ်အနောက်ဖေးဘက်သို့ ထွက်သွား၍ ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။

လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက  “သူ့မိန်းမက သူ့ကလေးနဲ့ စာသင်ပေးနေတာ။ သူအိမ်သာသွားတယ် ထင်လို့ပေါ့။ ၁၀ မိနစ် ၁၅ မိနစ်လောက် သူ့မိန်းမလဲ အိမ်သာတတ်ချင်လို့ သွားတော့ ယောင်္ကျား ကြိုးဆွဲချမှန်း သိတာပေါ့” ဟု ပြောသည်။

ကြိုးဆွဲချသေဆုံးသူမှာ ဦးဝင်းငြိမ်း အသက် ၃၄ နှစ်ရှိပြီး လေးတိုင်ရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကာ မိန်းမဖြစ်သူနှင့်  စကားများမည့် နေ့တွင် အရက်အလွန်အကျွံ မူးနေကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက “ကျမတို့ ရောက်တဲ့ အချိန်မှာ ကြိုတန်းလန်းတွေ မရှိတော့ဘူး။ ဖြုတ်ချလိုက်ပြီ။  ရဲတွေရောက်လာခဲ့တယ်။ အလောင်းကို အိမ်ရှေ့မှာ ပက်လက်ရှိခဲ့တယ်” ဟု ဆက်ပြောသည်။

အဆိုပါ ဦးဝင်းငြိမ်းမှာ အရပ်မြင့်နေတာကြောင့် ၇ ပေခန့်ရှိ ကြိုးဖြင့် သတ်သေရန် ကြိုးစားခဲ့သော်လည်း ကြမ်းပြင်နှင့် ခြေထောက်ထိနေကြောင်း၊ သို့သော်လည်း ဒူးကွေးပြီး ကြိုးဆွဲချ သတ်သေခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရုပ်အလောင်းကို သြဂုတ် ၂၁ ရက်က ရှင်သန်ခြင်းတွဲလက်လူမူကူညီရေးအသင်းက သထုံဆေးရုံရင်ခွဲရုံးမှ လေတိုင်ကျေးရွာသုသာန်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာတွင် ယနေ့ (ဩဂုတ် ၂၃ ရက်) မွန်းလွဲ ၃ နာရီကျော်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts