Homeသတင်းသံဖြူဇရပ် - ရေး ကားလမ်းမကြီးတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

သံဖြူဇရပ် – ရေး ကားလမ်းမကြီးတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

-

မွန်သတင်းအေဂျင်စီ ၂၀၂၂ သြဂုတ် ၊၁၉

သံဖြူဇရပ်မြို့နယ်ရှိ သံဖြူဇရပ် – ရေး ကားလမ်းမကြီး ဒုံဖီလမ်းဝတွင် ယမန်နေ့ သြဂုတ် ၁၈ ရက် ညနေ ၄ နာရီက ဆိုင်ကယ်နှင့် ကား ယာဉ်တိုက်မှုဖြစ်ပွားမှုဖြစ်ပွားကာ အမျိုးသားတစ်ဦး   သေဆုံးခဲ့ကြောင်း လူမူကယ်ဆယ်ရေးထံက သိရသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ကားမောင်းဖြစ်သူမှ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်စီးနင်းသူ အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ဦးခေါင်းဒဏ်ရာ တစ်နေရာပဲ  ထိခိုက်သွားတယ်။ ကျန်တဲ့နေရာတော့ ဒဏ်ရာမထိခိုက်ဘူး။ ကျနော်တို့ သွားတဲ့အချိန် အသက်မရှိတော့ဘူး” ဟု  လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားဟာ  အသက် ၅၀ နှစ် ရှိပြီး ဧရာဝတီတိုင်းဇာတိဖြစ်ကာ စံပြကျေးရွာအတွင်း ခြံအလုပ်သမားဖြစ် လာရောက်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို ရွှေဟင်္သာလူမှုကူညီရေးအသင်း(မော့ကနင်) အဖွဲ့ဝင်များက လမိုင်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ် – ရေး ကားလမ်းမကြီးတွင် လမ်းကွေ့များရှိသဖြင့် မကြာခဏဆိုသလို ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Topics; #သံဖြူဇရပ် #ရေး #ယဉ်တိုက်မှု #သေဆုံး

ယာဉ်တိုက်မှုတွင် သေဆုံးသူအလောင်းကောက်ယူနေစဉ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts