Homeသတင်းကျိုက်မ​​ရောမြို့နယ်က​ကျေးရွာမီးလင်း​​ရေး​ကော်မတီစီးလာသည့်ကား လက်ပစ်ဗုံးပစ်ထည့်ခံရ​သော်လည်း​ပေါက်ကွဲမှုမရှိ

ကျိုက်မ​​ရောမြို့နယ်က​ကျေးရွာမီးလင်း​​ရေး​ကော်မတီစီးလာသည့်ကား လက်ပစ်ဗုံးပစ်ထည့်ခံရ​သော်လည်း​ပေါက်ကွဲမှုမရှိ

-

ကျိုက်မရောမြို့နယ်က ကျေးရွာမီးလင်းရေးကော်မတီစီးလာသည့်ကား လက်ပစ်ဗုံးပစ်ထည့်ခံရသော်လည်း ပေါက်ကွဲမှုမရှိ

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၆)

ကျိုက်မရောမြို့နယ် ကနာလိုကျေးရွာအဝင် လမ်းမကြီးတွင် တောင်ကလေးကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင် စီးလာသည့်ကား လက်ပစ်ဗုံး ပစ်ခံရကြောင်း သို့သော်လည်း ပေါက်ကွဲမှု မရှိကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက် နေ့လည် ၁ နာရီကျော်အချိန်က ဆိုင်ကယ်စီးလာသည့် လူငယ် ၂ ဦးက ပစ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကလေးကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီတစ်ဦးက ပြောသည်။

“ကျနော်တို့ ကျိုက်မရောကအပြန် ကြံကလေးနဲ့ တောင်ကလေး လမ်းကြားမှာ ဆိုင်ကယ်နဲ့ လာပြီး ကျနော်တို့ ကားထဲမှာ ဗုံးလာပစ်သွားတယ်။ ဗုံးမပေါက်ဘဲ ကားအပေါ်ကနေ ပစ်ချပြီး ကားမောင်းပြေးလာရတယ်” ဟု ပြောသည်။

အဆိုပါ လက်ပစ်ဗုံးပစ်ခတ်ခံခဲ့ရသော်လည်း ပေါက်ကွဲမူမရှိဘဲ ကားပေါ်ပါ လူအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အလားတူ ကျိုက်မရောမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က တောင်ကလေး ရဲကင်းစခန်းအား  ပစ်ခတ်တိုက်ခိုက်မူကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts