Homeသတင်းဘီးလင်းမြို့နယ် သံတံတား လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ

ဘီးလင်းမြို့နယ် သံတံတား လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ် နယ်စပ် သံတံတား‌ပေါ်ရှိ လုံခြုံရေးယူနေသည့် ဂိတ်စခန်းဇူလိုင်လ ၂၅ရက် ညနေပိုင်း ၃နာရီအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

သံတံတား ဂိတ်စခန်းကို လက်နက်ကြီးဖြင့် အရင်ဆုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို့နောက် နှစ်ဦးနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများသည် အချိန်အနည်းငယ် ကြာအထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အရင်ဆုံး လက်နက်ကြီးပေါက်ကွဲသံကြားရတယ်။ ဆယ်မိနစ်လောက် ပစ်ပြီးတော့ ရပ်သွားတယ်။ ဂိတ်စခန်းဘက်က ပိုအထိနာတယ်။ ပြီးလည်းပြီးရော ဒဏ်ရာ ရတဲ့သူတွေကို ကားနဲ့ လာခေါ်သွားတယ်”ဟု ၎င်းကပြောသည်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် လုံခြံရေးတပ်ဖွဲ့ဝင်များ အင်အားဖြည့်ရောက်ရှိလာကြပြီး တံတားကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

ထိုနောက် ညနေ ၅နာရီဝန်းကျင်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားများကို စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တို့ ဆောင်ရွက်ခဲ့ကြောင်း KRF က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်ကလည်း KNLA ပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts