Homeသတင်းဘီးလင်းမြို့နယ် ကျောက်ရေတွင်း အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဘီးလင်းမြို့နယ် ကျောက်ရေတွင်း အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၆)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းလှိုင်ဇူလိုင်လ ၂၅ ရက် နံနက် ၇နာရီ ဝန်ကျင်းခန့်၌ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်သည် ကျောက်ရေတွင်း ကျေးရွာထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အမည်မသိ သေနတ်သမား လေးဦးမှ လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီမနက်မှာပဲ လူ (၄) ယောက်က သူ့ကို အနီးကပ် သေနတ်နဲ့ ချိန် ပစ်ခတ်လိုက်တာ ကျည်ဆံဒဏ်ရာ (၄) ချက် သွေးအများကြီးပဲထွက်တာ ချက်ချင် ဆေးရုံပို့ဆောင်ပေးလိုက်တယ် ထိခိုက်မူဒဏ်ရာတော့ စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသန်းလှိုင်၏ ဝမ်းဗိုက်နှင့် ဆီးခုံတို့တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့သော်လည်း ကုသနေစဉ်အတွင်းမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် နေ့လည်ပိုင်းအချိန်တွင်လည်း ကျိုက်ထိုမြို့နယ် မလော့ချောင်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဖြစ်သူ ဦးသိန်းငွေကို အမည်မသိ သေနတ်သမားက သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် နေရာမှာတင် သေဆုံးခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts