spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့နယ် ကျောက်မိချောင်း အုပ်ချုပ်ရေးမှူး ရေးဘီလူးအဖွဲ့ပစ်ခတ်သတ်ဖြတ်သေဆုံး

    ရေးမြို့နယ် ကျောက်မိချောင်း အုပ်ချုပ်ရေးမှူး ရေးဘီလူးအဖွဲ့ပစ်ခတ်သတ်ဖြတ်သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၂ ဇူလိုင် ၂၀၂၂)

    ရေးမြို့နယ် ကျောက်မိချောင်း(တောင်ပိုင်း) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

    လမ်းမပေါ်ပက်လက်လန်လဲကျနေသော ဦးဝင်းမြင့်ကို သေနတ်သမားနှစ်ဦးက ပစ္စတိုသေနတ်နှစ်လက်ဖြင့် ပစ်သတ်နေသည့် ဖုန်းဗီဒီယိုမှတ်တမ်းအား လူမှုကွန်ယက်ပေါ်လွှင့်တင်ထားသည်ကို တွေ့ရှိရသည်။  

    အလားတူ ရေးမြို့နယ်တောင်ပိုင်း ကဗျာကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအေး (ခေါ်) ထားဝယ်နှင့် လဝကအရာရှိတစ်ဦးကို ရေးဘီးလူးအဖွဲ့က မေလ ၁၃ ရက် ညနေပိုင်းအချိန်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးကိုင်ဆောင်သော HK-33 သေနတ်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

    ထို့အပြင် ရေးမြို့နယ် ၊ အစင်ကျေးရွာထိပ်တံတား၌ ဇွန် ၂၇ ရက်နေ့တွင် ပြည်သူ့စစ် ၅ ဦးကို ရေးဘီလူးအဖွဲ့က အနီးကပ်ပစ်သတ်လိုက်ပြီး သေနတ် ၃ လက်ကိုလည်း ယူဆောင်သွားကြောင်း သတင်းဖော်ပြခဲ့သည်။

    ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်တဝိုက်တွင် လှုပ်ရှားလျက်ရှိကြောင်း သတင်းများက ဖော်ပြနေသည်။

    လွန်ခဲ့သည့် ဇူလိုင် ၂၀ ရက်ကလည်း ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် မော့ကနင်ရွာနေ ကိုဇော်တို့ကို ကော့ဒွတ်ကျေးရွာအသုဘအခမ်းအနား၌ ရေးမြို့နယ် PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks