Homeသတင်းသထုံမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲခံရ

သထုံမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၂)

မွန်ပြည်နယ်၊ သထုံမြို့နယ် အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင် ဖောက်ခွဲ ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဇူလိုင် ၂၁ ရက် မနက် ၉ နာရီခွဲအချိန်ခန့်က အမည်မသိသူ လူနှစ်ဦး လာရောက်ကာ ဗိုင်းထောင် ဖောက်ခွဲခဲ့ ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှုးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရုံးထဲကို လူနှစ်ယောက်ဝင်လာတာတွေ့တယ်လို့ ပြောတယ်။ ဘယ်သူတွေလဲတော့ မသိကြဘူး။ လာပြီး ခဏပဲ ပြန်ထွက်သွားတယ်။ သူတို့ထွက်ပြီး မကြာဘူး ဗုံးပေါက်တာပဲ”ဟု ၎င်းက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင် ဖောက်ခွဲခံရမှုကြောင့် ရုံးအဆောက်အဦ၏ အနောက်ဘက်ခြမ်း လုံးဝပျက်စီးကာ ပြိုကျခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ရုံးအတွင်း လာရောက်သူ အများအပြားမရှိသောကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် အူပ်ချုပ်ရေးမှုးရုံးကို လုံခြုံရေးအဖွဲ့ဝင်များ လာရောက် စစ်ဆေးကြပြီး လမ်းအဝင်အထွက်နှင့် မြို့အဝင်အထွက်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်မှာ စစ်တပ် အာဏာယူပြီးနောက် နစက ကောင်စီ၏ လဝက၊ စည်ပင်ရုံးများ အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ ၁၀ ကြိမ်ထက်မနည်း ဖောက်ခွဲခံထားရပြီး ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာလအတွင်းကလည်း သထုံမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၃ ခုတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts