spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့်အခြားတစ်ဦး အမည်မသိသေနတ်သမားလုပ်ကြံပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံး

    ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့်အခြားတစ်ဦး အမည်မသိသေနတ်သမားလုပ်ကြံပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀ ဇူလိုင် ၂၀၂၂)

    ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခေါ်) ဆဒ္ဒန်နှင့် အခြားလူတစ်ဦးကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် အမည်မသိသမားတစ်ဦး လုပ်ကြံပစ်ခတ်သဖြင့် နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။

    ကော့ဒွတ်ကျေးရွာသုသာန်၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က အသုဘအခမ်းအနားနှစ်ခုကျင်းပပြီးလုဆဲဆဲအချိန်တွင် ရှေ့ဆုံးကထိုင်နေသည့် ဦးစန်းဝင်းအား သေနတ်သမားတစ်ဦးက နောက်မှလူဝင်လာ၍ ပစ္စတိုသေနတ်ဖြင့် ၅ ချက်ထက်မနည်းပစ်သတ်ခဲ့ပြီး ထွက်သွားစဥ် အခြားလူတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးက ပြောသည်။

    အဆိုပါရွာသားက “ကျနော့နဲ့ဆို မနီးမဝေးမှာပဲ ဥက္ကဌ စန်းဝင်းထိုင်နေတယ် အသုဘရေစက်ချပြီး ဘုန်ကြီးတချို့ပြန်သွားလို့ ၂ ပါးကျန်နေသေးတယ် ဥက္ကဌ စန်းဝင်းက ဘုန်းကြီးနဲ့မလှန်းမကမ်းမှာထိုင်နေတယ်၊ အပြင်အင်္ကျီအနီဝတ်လူတစ်ယောက် မသိမသာမြန်မြန်ဝင်လာပြီး သေနတ်နဲ့ ၄-၅ ချက်လောက်ပစ်ချလိုက်တာနဲ့ ကိုစန်းဝင်းလည်း ပက်လက်လန်ကျသွားတာပဲ၊ ကျနော်တို့အားလုံး တရှိန်ထိုးထပြေးပြန်လာရတယ်၊ အသုဘလည်း ကိစ္စပြီးနေပါပြီ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထိုနောက် ယင်းသို့သေနတ်ပစ်ခတ်မှုကြောင့် အသုဘအခမ်းအနားတွင် လူအများရုတ်ရုတ်သဲသဲဖြစ်၍ ထွက်ပြေးနေချိန်တွင် သေနတ်သမားက လမ်းအပြင်သို့ထွက်သွားရာ နောက်ထပ်လူတစ်ဦးကိုလည်း ထပ်မံပစ်သတ်လိုက်ပြီး ဆိုင်ကယ်စီး၍ ထွက်ခွာသွားသည်ကို သိရကြောင်း မျက်မြင်တွေ့ရှိသူ ရွာခံအမျိုးသမီးကြီးတစ်ဦးက ပြောသည်။

    “လာပစ်တဲ့လူကတော့ တခြားကလာတဲ့ သူစိမ်းတစ်ယောက်ပဲ၊ သူ့အဖွဲ့မှာ ဘယ်နှစ်ယောက်ပါလည်း မသိပါဘူး၊ သေနတ်ပစ်တယ်ဆိုတော့ ကျမတို့လည်း လူတွေအများကြားမှာ အိမ်ကိုတန်းပြီး ချက်ချင်းအမြန်ပြန်လာခဲ့တယ်၊ ဥက္ကဌ ဦးစန်းဝင်း သေတာပဲသိတယ် နောက်တစ်ယောက်သေတာကိုတော့ နာမည်မသိရသေးဘူး ကျမတို့ရွာသားမဟုတ်ဘူးလို့ပြောတယ်” ဟု အသုဘသခမ်းအနားမှပြန်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

    အသက် ၅၀ နှစ်ဝန်းကျင်ရှိ ဦးစန်းဝင်းသည် ဆဒ္ဒန်အမည်ဖြင့် မွန်သီချင်းစီးရီခွေများထုတ်ဖူးသည့် အဆိုတော်တစ်ဦးဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးချိန်တွင် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကို ဒုတိယအကြိမ်ပြန်လည်ထမ်းဆောင်ခဲ့ကြောင်း၊ သမ္မတဦးသိန်းစိန်လက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ကြိမ်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရလက်ထက်တွင် ဖြုတ်ချခံလိုက်ရကြောင်း သိရသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks