Homeသတင်းမော်လမြိုင်မြို့နယ် NLD ပါတီ ဥက္ကဌ ဒေါ်နွယ်နွယ်အောင် အမှုမှ တရားရှင် လွတ်မြောက်

မော်လမြိုင်မြို့နယ် NLD ပါတီ ဥက္ကဌ ဒေါ်နွယ်နွယ်အောင် အမှုမှ တရားရှင် လွတ်မြောက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၂)

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဒေါ်နွယ်နွယ်အောင် အမှုမှ တရားရှင် လွတ်မြောက်ကြောင်း သိရသည်။

သက်သေမခိုင်လုံ‌သောကြောင့် အပြစ်မရှိကြောင်းကို မော်လမြိုင်မြို့နယ် တရားရုံးက ဇူလိုင် ၁၁ ရက်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အမိန့်ချမှတ်ပြီးနောက် ဒေါ်နွယ်နွယ်အောင်ကို အဆိုပါ အမှုမှ တရားရှင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၇ ရက်တွင် နစက ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဒေါ်နွယ်နွယ်အောင်ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အကြမ်းဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ငွေကြေးထောက်ပံ့ခြင်း စသည့် စွဲဆိုချက်များ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုခဲ့သည်။

ဒေါ်နွယ်နွယ်အောင်ကို ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ၈ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထား ခဲ့သည်။

ဒေါ်နွယ်နွယ်အောင်သည် ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ထို့ပြင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သလို မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts