spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်ရဟန်းအဖွဲ့အစည်းများ၏ တက္ကသိုလ်အကြိုဖွင့်ပွဲ အခမ်းအနားဖြင့်ကျင်းပမည်

    မွန်ရဟန်းအဖွဲ့အစည်းများ၏ တက္ကသိုလ်အကြိုဖွင့်ပွဲ အခမ်းအနားဖြင့်ကျင်းပမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၆)

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်  တော်ကနာကျေးရွာ ရာမညနိကာယကျောင်းတိုက် မွန်ပိဋကတ်တွင် မွန်ရဟန်းအဖွဲ့အစည်းများ၏ တက္ကသိုလ်အကြို ဖွင့်လှစ်ပွဲကို လာမည့် ဇူလိုင်  ၁၀ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် အခမ်းအနားဖြင့်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    မွန်ရဟန်းများ၏ အခြေခံပညာရေးအပိုင်းတွင် လိုအပ်ချက်များကို ဖြည့်စွက်ပေးရန်အတွက် ရည်ရွယ်ပြီး တက္ကသိုလ်အကြိုကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော် ပညိန္ဒက မိန့်ကြားသည်။

    “ဒီအခြေခံ ပညာသင်ယူနေကြတဲ့ မွန်ရဟန်းတွေ၊ သီလရှင်တွေက ရန်ကုန်၊ အင်းဝ စသည်တို့မှာ ခရီးအဝေး ပညာတော်သင်သွားရမယ့် အခက်ခဲ မဖြစ်စေဖို့အတွက် ရည်ရွယ်ချက်ထားပြီး ဒီချောင်းဆုံမြို့နယ်မှာပဲ ဒီတက္ကသိုလ်အကြိုကို စတင်ဖွင့်လှစ်မယ်” ဟု ဆရာတော် ပညိန္ဒက မိန့်ကြားသည်။

    တက္ကသိုလ်အကြိုတွင် တတ်ရောက်လာကြမည့် ရဟန်းများ၊ သီလရှင်များကို (၁) အင်္ဂလိပ်ဘာသာစကား 4 – skill ကျွမ်းကျင်မှု၊ (၂)  ကွန်ပျူတာ (software /hardware)၊ (၃) IT

    အသုံးပြုတတ်စေရန်၊ (၄)  စာစီစာကုံးအရေးသားများကို အခြေခံကျကျ ရေးတက်စေရန်၊ (၅) သုတေသန ရှာဖွေ အရေးသားနည်းများ၊ (၆)  မွန်ရဟန်းသံဃာတော်တို့ လုပ်ငန်းစဉ်များကို အတွေ့ကြုံရရှိစေရန်၊ (၇) ဗုဒ္ဓဘာဝနာနှင့် ပတ်သက်သည့် ဘာသာရပ်များကို တင်ပြပို့ချမှာ ဖြစ်ကြောင်း သိရသည်။

    အဆိုပါ တက္ကသိုလ်အကြိုသို့ တက်ရောက်ကြမည့် မွန်ရဟန်းသံဃာ (၃၀) ပါးနှင့်  မွန်သီလရှင် (၁၀) ပါးသာ  စတင်လက်ခံသွားမည် ဖြစ်ကြောင်း၊ လာမည့်ဇူလိုင်  ၁၃ ရက်တွင် စတင်၍ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks