Homeသတင်းဘီးလင်း NLD ပါတီအမတ် ဦးကျော်မျိုးမင်း၏ ရုပ်အလောင်း တွေ့ရှိ

ဘီးလင်း NLD ပါတီအမတ် ဦးကျော်မျိုးမင်း၏ ရုပ်အလောင်း တွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၇)

စစ်ကြောင်းထိုးလာသည့် စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသော ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဦးကျော်မျိုးမင်း၏ ရုပ်အလောင်းကို ဇူလိုင် ၆ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။

ဦးကျော်မျိုးမင်း၏ ရုပ်အလာင်း ကို NLD ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ အလောင်းအနီးဝန်းကျင် ရေမြောင်းထဲ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဦးပန်းမြတ်၊ ဦးကိုကိုမောင်တို့နဲ့ တစ်ရက်ထဲ အသတ်ခံထားရတာလို့ ထင်တယ်။ အလောင်းက ရုပ်ပျက်နေပြီ။ ရေမြောင်းထဲရောက်နေတဲ့အပြင် သစ်ရွက်တွေနဲ့ အုပ်ထားလို့ ချက်ချင်းမတွေ့ရတာ”ဟု ၎င်းက ပြောသည်။

ဦးကျော်မျိုးမင်း၏ အလောင်းမှာ ရေမြောင်းဗွက်အတွင်း ဦးခေါင်း နစ်နေကာ လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်ထားသည့် အနေအထားဖြင့် ပြန်တွေ့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက်နေ့တွင် ဦးကျော်မျိုးမင်း အပါအဝင် NLD ရပ်ကျေးပါတီဝင်များ ဖြစ်သည့် ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသား ၁ ဦးတို့သည် ဘီးလင်းမြို့နယ်၊ ပေါ်ခီးကျေးရွာအနီး စစ်ကြောင်းထိုးလာသည် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ ပစ်ခတ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ရွာသားတစ်ဦး သေနတ်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇူလိုင် ၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ ရုပ်အလောင်းကို မြေမြှုပ်လျက် ပြန်တွေ့ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts