Tuesday, March 31, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့ဂေါက်ကွင်းအနီး စစ်တပ်မှတပ်ကြပ်ကြီးတစ်ဦး ညအချိန်ပစ်သတ်ခံရပြီး ပစ္စတိုတစ်လက်ပါသွား

    ဘုရားသုံးဆူမြို့ဂေါက်ကွင်းအနီး စစ်တပ်မှတပ်ကြပ်ကြီးတစ်ဦး ညအချိန်ပစ်သတ်ခံရပြီး ပစ္စတိုတစ်လက်ပါသွား

    -

    မွန်သတင်းအေဂျင်စီ (၆ ဇူလိုင် ၂၀၂၂)

    ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ခေတ္တအခြေစိုက် ခလရ ၂၈၄ တပ်ကြပ်ကြီးတစ်ဦး ဂေါက်ကွင်းအနီးရှိ အရက်ဆိုင်နံဘေး၌ ဇူလိုင် ၅ ရက် ညပိုင်းအချိန်က သေနတ်ပစ်သတ်ခံရပြီး ပစ္စတိုသေနတ်တစ်လက်လည်း ပါသွားကြောင်း သတင်းရရှိသည်။

    ဘုရားသုံးဆူမြို့ အမှတ်(၁) ရပ်ကွက် သစ္စာလမ်း၌ လွန်ခဲ့သည့်ည ၈ နာရီအချိန်ခန့်က ပစ်သတ်ခံသေဆုံးခဲ့သူမှာ တပ်ကြပ်ကြီး ခင်မော်ကျော်ဟု စုံစမ်းသိရှိရသော်လည်း ၄င်းဖြစ်စဥ်ကို မွန်သတင်းအေဂျင်စီအနေဖြင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းသို့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    “ပစ်တာက ၁၄ ချက်လောက် ထိတာက အနည်းဆုံး ၇ ချက်လောက်ရှိမယ်၊ ခေါင်း၊ ရင်ဘတ်၊ ခါးနေရာ ထိသွားတာမနည်းဘူး၊ ညကဆေးရုံပို့ပြီး ဆရာဝန်က သေပြီလို့အတည်ပြုပြီးတာနဲ့ သူ့အလောင်းကို တပ်ရင်းထဲ ချက်ချင်း ယူသွားတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    အဆိုပါတပ်ကြပ်ကြီးသည် ညပိုင်းအချိန်များတွင် လမ်းဖြတ်သန်းသောမော်တော်ကားများကို ဂိတ်ကြေးတောင်းခံလေ့ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ၄င်းက “လာပစ်သတ်သွားတာက ဆိုင်ကယ်စီးလာတဲ့ ကောင်းလေးငယ်ငယ် ၂ ယောက်ပဲ၊ ပစ်သတ်ပြီးတော့ အဲဒီတပ်ကြပ်ကြီးစီးတဲ့ဆိုင်ကယ်၊ ပစ္စတိုနဲ့ ပိုက်ဆံထည့်တဲ့လွယ်အိပ်ကိုပါ ယူသွားတယ်၊ အဲနားက သူတို့ချက်ပွိုင့်ရှောင်ကွင်းပြေးတဲ့ မော်တော်ကားတွေကို စောင့်ဖမ်းပြီး အဲဒီတပ်ကြပ်ကြီးငွေတောင်းနေတာဗျ” ဟု ပြောသည်။

    ယမန်နှစ် စစ်အာဏာသိမ်းပြီးချိန်ကစ၍ ဘုရားသုံးဆူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ ပြည်ခိုင်ဖြိုးပါတီဝင်တချို့အပြင် မွန်ညီညွတ်ရေးပါတီ လွှတ်တော်အမတ်လောင်းတစ်ဦးလည်း အမည်မသိသေနတ်သမားတို့၏ ပစ်သတ်လုပ်ကြံခံခဲ့ရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks