spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်က ကယ်ဆယ်ရေးအဖွဲ့များ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားဟု ပြော

    မော်လမြိုင်က ကယ်ဆယ်ရေးအဖွဲ့များ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားဟု ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၈)

    မော်လမြိုင်မြို့နယ်အတွင်းက ကယ်ဆယ်ရေးအဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီ ဖြစ်ကြောင်း ‘ဘိုဘိုဝင်း’ကယ်တယ်ရေးအဖွဲ့ မှ ဥက္ကဌ ကိုဘိုဘိုဝင်းက ပြောသည်။

    ယခုနှစ် မိုးရာသီအတွင်း ရေကြီးခြင်း၊ ‌လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာပါက ကူညီနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက်ထားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

    “မိုးရွာတာကို ကြည့်ပြီး ရေကြီးနိုင်တဲ့ အနေအထားမို့လို့ ကျွန်တော်တို့ ကယ်ဆယ်ရေးတွေကလည်း မွန်းမံကယ်ဆယ်ရေးရော လူမှုကယ်ဆယ်‌ရေးအဖွဲ့တွေရော ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေ ဆောင်ရွက်ထားပြီးပါပြီ။ ဘေးကတော့ ဘယ်လိုဘေးမျိုးလာမလဲ မမျှော်မှန်းနိုင်ဘူး”ဟု ကိူဘိုဘိုဝင်းက ပြောသည်။

    ရေကြီးမှုဒဏ် နှစ်စဉ် ကြုံနေရသော ဒေသမှ ပြည်သူများအနေဖြင့်လည်း မိုးလေဝသသတင်းများကို ပုံမှန်နားထောင်ကာ အချိန်နှင့် တစ်ပြေးညီ ရွေ့ပြောင်းနိုင်ရန် ဆောင်ရွက်ထားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်းက ကယ်ဆယ်ရေးအသင်းအဖွဲ့များ ချိတ်ဆက်ကာ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရဘက်မှ ပြည်နယ်တွင်းက ကယ်ဆယ်ရေးသမားများနှင့် ချိတ်ဆက်ညှိနှိုင်းထားခြင်း မရှိသေးကြောင်း ကိုဘိုဘိုဝင်းက ပြောသည်။

    မွန်ပြည်နယ်သည် နှစ်စဉ် ရေကြီးခြင်း၊ မြေပြိုခြင်း ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသောကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း မော်လမြိုင်မြို့နယ်က ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

    “ကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့ကတော့ ချိတ်ဆက်ဆောင်ရွက်ကြဖို့ ညှိနှိုင်းထားပြီးပါပြီ။ ဖြစ်လာရင်လည်း ပူးပေါင်းကြဖို့ အသင့်ပြင်ထားကြပါတယ်”ဟု ၎င်းက ပြောသည်။

    သို့သော် ကယ်ဆယ်ရေးအဖွဲ့များတွင် ကယ်ဆယ်ရေးပစ္စည်းလိုအပ်ချက်များ ရှိနေကြကြောင်း ၎င်းက ဆက်ပြောသည်။

    ဘေးအန္တရာယ်ဖြစ်လာပါက ထိခိုက်မှုနည်းစေရန် အတွက် ပြည်သူများလည်း ကြိုတင် ပြင်ဆင် ထားသင့်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက သတိပေး တိုက်တွန်းထားသည်။

    ပြီးခဲ့သည့် မေလ ၂၀ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တချို့နေရာများ သစ်ပင်ကျိုးကျ၍ နေအိမ်နှင့် ဆိုင်ခန်းတစ်ချို့ ထိခိုက်ပျက်စီးခဲ့သည်။

    အလားတူ မေလ ၂၄ ရက်ကလည်း ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၉၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts