spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု အမှု ၃ မှုကို ဇွန်တွင် အမိန့်ချမည်

    မွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု အမှု ၃ မှုကို ဇွန်တွင် အမိန့်ချမည်

    -

    မွန်သတင်းအေဂျင်စီ၊ ၂၀၂၂ မေ ၂၆

    မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု အတွက် အမှု ၃ မှု လာမည့် ဇွန်လလယ်အတွင်း အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

    ရွေးကောက်ပွဲအတွင်း မလျော်သြဇာသုံးသည်ဟုသော စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)၊ ၁၇၁ (စ)နှင့် အမှု ၃ မှု တရားစွဲဆို ထားသည်။

    မေလ ၂၄ ရက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) အတွက် မော်လမြိုင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

    သို့သော် တရားခံပြသက်သေ ရောက်မလာသောကြောင့် ရုံးချိန်းကို မေလ ၃၁ ရက်သို့ ရွေ့ပြောင်းခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် ဒေါက်တာအေးဇံကို ပြီးခဲ့သည့် မေလ ၁၆ ရက်က အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့သည်။

    နိုင်ငံဝန်ထမ်းများကို CDM တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည့်ဟုသော စွဲချက်ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သေးသည်။

    ဒေါက်တာအေးဇံသည် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး လက်ရှိတွင် ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု အမှု ၃ မှုဖြင့် တရားရင်ဆိုင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks