Homeသတင်းကိုဗစ်ရောဂါကြောင့် နတ်မြှားပင်များ ပြည်ပတင်ပို့ခွင့် ကန့်သတ်ခံရ

ကိုဗစ်ရောဂါကြောင့် နတ်မြှားပင်များ ပြည်ပတင်ပို့ခွင့် ကန့်သတ်ခံရ

-

ကိုဗစ်ရောဂါကြောင့် စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုများ ပိုများလာပြီး နတ်မြှားပင်များ ပြည်ပတင်ပို့ခွင့် ကန့်သတ်ခံရကြောင်း ရောင်းဝယ်နေသူများထံက သိရသည်။

နတ်မြှားပင်များကို ကုန်ကြမ်းအတိုင်း ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေသော်လည်း လက်ရှိတွင် ကိုဗစ်ကြောင့် ကန့်သတ်ခံနေရကြောင်း ရောင်းဝယ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ပြည်တွင်းမှာကျတော့ အရမ်းကြီး သုံးတာ မရှိဘူး။ ပြည်ပကို ပို့တော့ ဈေးလည်းပိုရတယ်။ ပြီးတော့ အများကြီးလည်း တင်ပို့နိုင်တာပေါ့”ဟု ၎င်းက ပြောသည်။

နတ်မြှားပင်များကို နေပူလှန်းအခြောက်ခံကာ ကုန်ကြမ်းအတိုင်း ပါကစ္စတန်၊ နီပေါ၊ ယူအေအီးစသည့် နိုင်ငံများကို တင်ပို့နေကြောင်း ၎င်းက ဆက်ပြောသည်။

နတ်မြှားအခြောက်တစ်ပင်ကို ပြည်တွင်း၌ ငွေကျပ် ၃ ကျပ် မှ ၆ ကျပ်ထိ ပေါက်ဈေးပေးနေပြီး ပြည်ပတင်ပို့ပါက တစ်ပင်ကို ငွေကျပ် ၁၂ ကျပ်ထိ ဈေးရရှိကြောင်း သိရသည်။

ပြည်ပတင်ပို့ခွင့် ကန့်သတ်ခံထားရသောကြောင့် အခြောက်ခံအပင်များ ပျက်စီးသွားမည်ကို စိုးရိမ်မိကြောင်း နတ်မြှားပင်လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

“ခူးထားပြီးရင် အခြောက်ခံတယ်။ အခြောက်မခံထားသေးရင် နည်းနည်းတော်တာပေါ့။ အခြောက်ခံပြီးသားတွေကို မပို့ဘဲထားရင် ကြာရင် ပျက်စီးသွားမှာ။ ဘာလို့ဆို ပြည်တွင်းမှာက ရောင်းလို့သိပ်မကောင်းဘူး”ဟု ၎င်းက ပြောသည်။

ပြည်တွင်း၌ နတ်မြှားပင်များကို အိမ်သုံးတံမြက်စည်းအဖြစ်သာ အများဆုံး သုံးစွဲကြခြင်းဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများတွင် နတ်မြှားပင်အခြောက်များကို ကားကူရှင် နှင့် ဆိုင်ကယ်ကူရှင်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

နတ်မြှားပင်များကို မွန်ပြည်နယ်အတွင်း၌ ဇင်းကျိုက်တောင်၊ မလတ်တောင် နှင့် ကုလားမတောင်‌ကြော တစ်လျှောက်တွင် အများဆုံးတွေ့ရကြောင်း သိရသည်။

ကိုဗစ်ရောဂါကြောင့် စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုများ ပိုများလာပြီး နတ်မြှားပင်များ ပြည်ပတင်ပို့ခွင့် ကန့်သတ်ခံရကြောင်း ရောင်းဝယ်နေသူများထံက သိရသည်။
FLoSwDjeNUaHe8VjfcFUtYtjwFc9YJsZxks64bb2QS7M5b8

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts