spot_img
Saturday, February 21, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနစကနှင့် NMSP တို့ ညှိနှိုင်းဆွေးနွေးချက်များကို သဘောတူလက်မှတ်ရေးထိုး

    နစကနှင့် NMSP တို့ ညှိနှိုင်းဆွေးနွေးချက်များကို သဘောတူလက်မှတ်ရေးထိုး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၅)

    နစက၏  ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နှင့် မွန်ပြည်သစ်ပါတီ NMSP ကိုယ်စားလှယ်တို့၏ ၃ ရက်တာညှိနှိုင်းဆွေးနွေးချက်များမှ ရရှိလာသော သဘောတူညီချက်များကို ယနေ့ (မေ ၂၅ ရက်) တွင် နှစ်ဖက်တာဝန်ရှိသူများ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

    နှစ်ဖက်သဘောတူညီချက်များကို  ထုတ်ပြန်ခြင်းမပြုသော်လည်း ယခင်က ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များလည်း ပါရှိသည်ဟု သိရသည်။

    ဒုတိယနေ့ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်အောင်မင်းက “မိမိတို့မွန်ပြည်သစ်ပါတီအနေနဲ့ လက်နက်ကိုင် တော်လှန် ရေးကို စတင်ခဲ့ရတဲ့အကြောင်းရင်းဟာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုင်ရာအခွင့်အရေးတွေ ရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ ယခု ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုမှာလည်း အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ရေးဟာ အဓိကကျတဲ့ အရေးကိစ္စဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။  

    ဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဗိုလ်ချုပ်ကြီးမင်းနောင်၊  မွန်ပြည်သစ်ပါတီဘက်မှ ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းနှင့်အတူ တွဲဖက်အတွင်း ရေးမှူးနိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ဆွေး နွေးခဲ့ကြသည်။

    “မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့လိုတယ်လို့ တသမတ်တည်း ခံယူထားပါတယ်။ နိုင်ငံရဲ့ ပြဿနာတွေကို ဒီလိုတွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်မှသာ ရေရှည်တည့်တံ့တဲ့ အဖြေရရှိနိုင်မှာ ဖြစ်ပါတယ်။

    တွေ့ဆုံဆွေးနွေးတဲ့အခါမှာ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ စစ်မှန်သောအဖြေရလာဒ်ကောင်း ရရှိနိုင်မှာဖြစ်ပြီး ငြိမ်းချမ်းသာယာ ဝပြောသော နိုင်ငံတော်သစ်ဆီကို ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု နိုင်အောင်မင်းက ပြောကြားခဲ့သည်။

    အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) တို့၏ (၃) ရက်တာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအတွင်း ရရှိခဲ့သော သဘောတူညီချက်များကို မေလ ၂၂ ရက်နေ့က အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သည်။ နစကဥက္ကဌ ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ RCSS/SSA၊ NMSP၊ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုက ရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်အရုံး(LDU)တို့ တက်ရောက်မည်ဖြစ်ကြောင်း နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks