spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းချေးငွေပြန်သွားတောင်းသည့် စထနာပါနာကုမ္ဗဏီဝန်ထမ်း အသတ်ခံရ

    ချေးငွေပြန်သွားတောင်းသည့် စထနာပါနာကုမ္ဗဏီဝန်ထမ်း အသတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂၊ မေလ ၁၄)

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ခဲမောက်ကျေးရွာတွင် ချေးငွေ ယူထားသူများထံမှာ ငွေသွားပြန်တောင်းသည့် စထနာပါနာကုမ္ဗဏီဝန်ထမ်း အသတ်ခံခဲ့ရကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများထံမှ သိရသည်။

    သထုံမြို့ စထနာပါချေးငွေကုမ္ပဏီမှ ဝန်ထမ်းဖြစ်သည့် ကိုအောင်သီဟက အဆိုပါကျေးရွာရှိ လင်မယားနှစ်ဦးအား ချေးငွေကို တာဝန်ယူ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

    ချေးငွေအား ပြန်လည်တောင်းယူရန် အဆိုပါလင်မယားထံသွားရောက်စဥ် ယောကျာ်းဖြစ်သူက ကိုအောင်သီဟအား သတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အဲဒီနေ့ညနေပိုင်းက ကိုအောင်သီဟ ချေးငွေသွားတောင်းတယ်။ နောက် သူ့ဖုန်းက ဆက်လို့မရတော့ဘူး။ အဆက်အသွယ်ပြတ်သွားတယ်။ ည ၈ နာရီလောက်ကျတော့ အဲဒီမိန်းမက ကိုအောင်သီဟကို သူ့ယောကျာ်းသတ်ပြီး အိမ်အနောက်မှာ မြှုပ်ထားတယ်ဆိုပြီး ရုံးကိုဖုန်းဆက်လာတယ်”ဟု ၎င်းက ပြောသည်။

    ကိုအောင်သီဟ၏ လည်ပင်းတွင် ဓားဒဏ်ရာတွေ့ရပြီး လည်ပင်းပြတ်လုနီးပါးဖြစ်နေကြောင်း စုစည်းအားမာန် ဘီးလင်းအရေးပေါ်ကယ်ဆယ်ရေးအသင်းမှ သိရသည်။

    ကိုအောင်စီဟနှင့်အတူ ပါလာသည့် ငွေသားအချို့နှင့် ဆိုင်ကယ်တစ်စီးကို အဆိုပါ လင်မယားက ယူဆောင် ထွက်ပြေးသွားပြီဖြစ်ကြောင်း ရုံးသို့ဖုန်းဆက်စဥ် မိန်းမဖြစ်သူက ပြောဆိုသွားကြောင်း သိရသည်။

    မေလ ၁၃ ရက်နေ့တွင် တရားခံ လင်မယား၏ နေအိမ်အနောက် ပေ ၁၀၀ ခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်တူးဖော်ခဲ့ရာ ကိုအောင်သီဟ၏ အလောင်းကို တွေ့ရှိခဲ့ပြီး ဘီးလင်း မြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် ကိုအောင်သီဟ၏ ရုပ်အလောင်းကို ရင်ခွဲရုံမှ သထုံရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ထားပြီး တရားခံများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks