Homeငြိမ်းချမ်းရေးရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NSPNC နှင့် ကရင် KNDP ပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့

ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NSPNC နှင့် ကရင် KNDP ပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၄)

အမျိုသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) တို့ နေပြည်တော်တွင် မေ ၁၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း KNDP မှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မွန်သတင်းအေဂျင်စီကို ပြောသည်။

“ကျနော်ဆို့ ထွေထွေထူးထူးတော့မရှိပါဘူး။ ကျနော်တို့ ပြောချင်ဆိုချင်တာတွေကို တင်ပြဆွေးနွေးရတယ်၊ ရွေးကောက်ပွဲကိစ္စတွေရော ငြိမ်းချမ်းရေးကိစ္စတွေရောပေါ့လေ၊ သူတို့ရော အပြန်အလှန်ဆွေးနွေးပြီးတော့ တစ်စုံတစ်ခုတော့ အတိုင်းအတာအထိပေါ့ ကျနော်တို့နဲ့ နားလည်မှု ရကြတယ်လို့ ကျနော်တော့ အဲဒီလိုပဲ ပြောနိုင်ပါတယ်” ဟု မန်းအောင်ပြည်စိုးက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင်းသုံးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ် သဘောတူခဲ့ကြကြောင်း ၎င်းက ပြောသည်။

ထို့အတူ ခရိုင်များ တိုးချဲ့မှုနှင့် ပတ်သက်၍ လာမည့်ရွေးကောက်ပွဲတွင် ကျင်းပမည့် PR စနစ်နှင့် သက်ဆိုင်ခြင်း ရှိ/မရှိကိုမူ အတိအကျ မသိရှိရသေးကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။

“ခရိုင်တွေ တိုးချဲ့တာကတော့ ဆက်စပ်မှုတော့ ရှိလိမ့်မယ်လို့ သူတို့ကတော့ ပြောတာပေါ့လေ၊ ဒါပေမယ့် ကျနော်အဖြေအတိအကျတော့ မဖြေပေးဘူး။ သူတို့လည်း UEC မှ မဟုတ်ပဲ သူတို့ကတော့ ငြိမ်းချမ်းရေး ကောင်စီလေ၊ ငြိမ်းချမ်းရေးကော်မတီ ငြိမ်းချမ်းရေးကော်မတီဆိုတော့ UEC မဟုတ်တော့ သူတို့ UEC ကို ပြန်မေးရဦးမယ်လေ၊ ဒါကြတော့” ဟု မန်းအောင်ပြည်စိုးက ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှာ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်မှု၊ မဲပေးနည်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ ထို့အတူ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဆက်စပ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts