spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်း ထိုးနှံပြီးစီး

    မွန်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်း ထိုးနှံပြီးစီး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၃)

    မွန်ပြည်နယ်အတွင်းရှိ ကာကွယ်ဆေးထိုနှံရမည့် လူဦးရေ၏ ၁၀၀ ရာခိုင်နှုန်းကို ထိုးနှံပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    ခရီးလွန်နေသူများနှင့် ပြည်ပနိုင်ငံသို့ ရောက်နေသူများကိုသာ ဆေးထိုးနှံပေးရန် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောသည်။

    “မွန်ပြည်နယ်မှာရှိတဲ့ အောက်ခြေမှာရှိတဲ့လူအားလုံးပေါ့။ ၁၀၀ရာခိုင်နှုန်း ကျွန်တော်တို့က ပြည့်မီသွားပါပြီ။ ဒါပေမယ့် ဆရာတို့က မွန်ပြည်နယ်မှာ လူတွေကို လိုက်ရှာတဲ့အခါ စီစစ်တဲ့အခါ မြေပြင်က လူအားလုံးကတော့ ထိုးပြီးသွားပြီ ၁၈ နှစ်အထက်ကလေ။ ယိုးဒယားတို့ဘာတို့ ပြည်တွင်းခရီးလွန်တို့ ပြည်ပခရီးလွန်တို့တော့ ရှိတယ်။ သူတို့ကိုတော့ ဆရာတို့က ရပ်ရွာတွေကို‌တော့ စောင့်ကြည့်နေတာပေါ့။ သူတိုအိမ်တွေကို ပြန်ရောက်လာရင်‌တော့ ထိုးပေးတယ်ပေါ့”ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်အတွင်း အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားရှိ လူဦးရေ စုစုပေါင်းက ၇၅၇၃၁ ဦးရှိပြီး ကျောင်းများတွင် အသက် ၁၂ နှစ် နှင့် ၁၈ ကြား ၂၅၈၁၄ ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

    ကျန်ရှိနေသည့် ၄၉၉၁၇ ဦးအနက် မေလ ၁၀ ရက်နေ့အထိ ၁၁၀၀၀ ဦးကို ထိုးနှံပေးခဲ့ပြီး ကျန်နေသူများကို သက်ဆိုင်ရာ ရပ်ကွက်စုရပ်များတွင် ဆက်လက်ထိုးပေးနေကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ လျော့နည်းလာကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

    “မွန်မှာကတော့ သိသိသာသာကို ကျသွားတယ်။ တွေ့ရှိမှုရော၊ ကူးစက်မှုရော၊ အသက်သေဆုံးမှုရောပဲ။ အကုန်လုံးနီးပါးလည်း ဆေးတွေထိုးထားပြီးတာလည်းပါတာပေါ့” ဟု ၎င်းက ပြောသည်။

    သို့သော် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို မပေါ့မလျော့ဘဲ ဆက်လက်လိုက်နာနေရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks