spot_img
Tuesday, January 27, 2026
More
    spot_img
    Homeသတင်းဒေါက်တာအေးဇံ၏ အမှု ၃ မှုအတွက် ယခုလအတွင်း အပြီးသတ် အမိန့်ချမည်

    ဒေါက်တာအေးဇံ၏ အမှု ၃ မှုအတွက် ယခုလအတွင်း အပြီးသတ် အမိန့်ချမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၁)

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွဲဆိုထားသည့် ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှုကို ယခုလအတွင်း အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

    ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို နစက ကောင်စီဘက်က ရွေးကောက်ပွဲအတွင်း မလျော်သြဇာသုံးခဲ့သည်ဟုသော စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တစ်မှု ၊ ပုဒ်မ ၁၇၁ (စ)ဖြင့် အမှု နှစ်မှု စုစုပေါင်း အမှု ၃ မှုဖြင့် တရားစွဲဆိုထားသည်။

    ရွေးကောက်ပွဲ မလျှော်ဩဇာသုံးမှု အမှု ၃ မှုအတွက် သက်သေများကို စစ်ဆေးနေပြီး ယခုလအတွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

    မေလ ၁၀ ရက်နေ့တွင်လည်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်မှ တင်သွင်းသော တရားခံပြ သက်သေကို မော်လမြိုင်မြို့နယ် တရားရုံးတွင် ရူံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

    ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်မှ စွဲဆိုထားသည့် အဂတိမှု အမှု ၉ မှုအတွက် ပြင်ဆင်ချက် လျှောက်ထားခဲ့‌သော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၇ ရက်က ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို နိုင်ငံ့ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ပေးရန် တိုက်တွန်းခဲ့သည် ဟုဆိုကာ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့သည်။

    လက်ရှိအချိန်ထိ ဒေါက်တာအေးဇံကို ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts