Homeသတင်းရေးမြို့ထွက် ကွမ်းသီးစိမ်းနုများ ဈေးကောင်းရနေ

ရေးမြို့ထွက် ကွမ်းသီးစိမ်းနုများ ဈေးကောင်းရနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေလ ၁၁)

ရေးမြို့မှ ထွက်ရှိသည့် ကွမ်းသီးစိမ်းအနုများ တစ်လုံးလျှင် ၄၅ကျပ်အထိ ပေါက်ဈေးရှိနေပြီး ဈေးကောင်းနေကြောင်း ရေးမြို့ရှိ ကွမ်းသီးဒိုင်များမှ သိရသည်။

ကွမ်းသီးစိမ်းအနုများကို ဈေးကောင်းပေးဝယ်နေပြီး ကွမ်းသီးအခြောက်ဈေးမှာ ပုံမှန်အတိုင်းရှိနေကြောင်း၊ တရုတ်နိုင်ငံက စျေးကောင်းပေးဝယ်နေခြင်းဖြစ်ပြီး ဝယ်သူများက ကိုယ်တိုင်ခူးပေးနေကြောင်း ကွမ်းသီးဒိုင်ပိုင်ရှင် ဦးအောင်သက်နိုင်က မွန်သတင်းအေဂျင်စီကို ပြောသည်။

” လက်မလောက် ကွမ်းသီးစိမ်းအနုလေးတွေ ဝယ်နေတာ။ တရုတ်ကဝယ်တာ။ ကိုယ်တိုင်လာခူးကြတယ်။ တစ်လုံးကို ၃ကျပ် ခူးခ ပြန်ပေးရတယ်။ ကွမ်းသီးအခြောက်စျေးကတော့ စျေးငြိမ်နေတယ်”ဟု ၎င်းက ပြောသည်။

ကွမ်းသီးအခြောက်စျေးသည် ပြီးခဲ့သည့် ၂၀၂၁ တွင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် စျေးပေါက်သော်လည်း ယခုနှစ်တွင် တစ်ပိဿာ ကျပ် ၅၀၀၀ သာ ရရှိတော့သည်။

အိန္ဒိယနိုင်ငံသို့ ကွမ်းသီးတင်ပို့ခြင်း ရပ်နားခဲ့ရသည့်အတွက် ကွမ်းသီးခြောက်စျေးကျခဲ့ရပြီး တရုတ်နိုင်ငံက ကွမ်းသီးစိမ်းနုများကို ကွင်းဆင်းဝယ်ယူနေ၍ စျေးကောင်းရနေခြင်းဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်မှ ကွမ်းသီးများကို ပြည်တွင်းရှိ ဒေသအသီးသီးတွင် ရောင်းချနေသည့်အပြင် ပြည်ပနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး နှစ်စဥ် တန်ချိန် ၁ သိန်းကျော် တင်ပို့ရောင်းချနေရကြောင်း  သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts